ပရိသတ်ကြီးရေ.. အရပ်ရှည်ရှည်နဲ့ ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်ပုံရိပ်လေးတွေကြောင့် ပျိုမဒီလေးတွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ မော်လ်ဒယ်မင်းသားချောလေး ညိမ်းသော်ကိုတော့ ပရိသတ်တွေချစ်ခင်ကြမှာပါနော်..။

ဆွဲဆောင်မှုရှိပြီး သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတဲ့ ညိမ်းသော်ကတော့ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ သူ့ရဲ့အချစ်ရေးလေးနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်နော်..။

Photo Credit - Ko Bhone
Photo Credit - Nyein Thaw's Facebook Account

ညိမ်းသော်ကတော့ အချစ်ရေးနဲ့ ပတ်သက်ရင် မမတွေကို သိပ်မမြင်တော့သလို ရွယ်တူတွေနဲ့လည်း စိတ်သဘောထားချင်းအဆင်မပြေဖြစ်ရပြီး ငယ်တာလေးရဲ့ ဆိုးတာကို သဘောကျကြပြီး အဆိုးခံချင်သလို သူတို့ကိုပိုပြီးတော့လည်း ဂရုစိုက်ဖြစ်တဲ့အကြောင်း ပြောပြလာတာ ဖြစ်ပါတယ်..။

အချစ်မှာ အသက်အရွယ်က အဓိကမကျဘဲ အဓိကက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်မယ်ဆိုရင် အချစ်ကပိုပြီးပြည့်စုံသလို အတ္တတွေပါရင်တော့ အဆင်မပြေတာမို့ သူ့အချစ်ကတော့ လိုက်ရောပြီး အလိုလိုက်ကာ ဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးချင်တာပါဆိုပြီး ပြောပြထားတာပါ..။


Photo Credit - Mr Haw
Photo Credit - Mr Haw

မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံမှုတွေကို အပြည့်အဝရရှိထားသလို ဆွဲဆောင်မှုရှိပြီး ပျိုမေတိုင်းသဘောကျအချစ်ပိုနေရတဲ့ ညိမ်းသော်ကတော့ လတ်တလောမှာလည်း အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေးလည်း ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ ညိမ်းသော်ရဲ့ ပရိသတ်တွေအတွက် အချစ်ရေးလေးနဲ့ ပတ်သက်ပြီး ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - Nyein Thaw's Facebook Account
Photo Credit - Nyein Thaw's Facebook Account

Photo Credit - Nyein Thaw's Facebook Account & Mr Haw & Ko Bhone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။