ပရိသတ်ကြီးရေ မင်းသမီးချောလေး အကယ်ဒမီဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေပြီးပြည်တွင်းမှာသာမက ပြည်ပမှာပါအောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်က ကိုရီးယားမင်းသားနဲ့တွဲဖက်ပြီးတော့လည်း"တိမ်တွေပေါ်ကပန်း"ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး ရုံတင်ပြသတဲ့အခါမှာလည်းအောင်မြင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ကတော့ သူမကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေအများအပြားကိုပိုင်ဆိုင်ထားတာဖြစ်လို့ အောင်မြင်မှုတွေကိုဆက်လက်ခံစားနေရဦးမှာပါနော်။

Photo Credit:@Li John Photograpy
Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page

ဝတ်မှုံရွှေရည်က လတ်တလောမှာဆိုရင်လည်း ရှုတင်တွေဆက်တိုက်ဆိုသလိုရှိနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ကြော်ငြာတွေကိုလည်းလက်ခံရိုက်ကူးကာ ပွဲအခမ်းအနားတွေတက်ရောက်နေတာကိုလည်းတွေ့ရပါတယ်နော်။ရွှေကစ်လေးက အသက်(၃၁)နှစ်ကျော်အရွယ်ရောက်ရှိနေပေမယ့် ဆယ်ကျော်သက်အရွယ်တုန်းကအလှတရားတွေကိုပိုင်ဆိုင်ထားဆဲဖြစ်လို့ သူမရဲ့အလှအပတွေက ခေတ်တွေဘယ်လိုပြောင်းပြောင်း နည်းနည်းလေးမှ မပြောင်းလဲသွားပါဘူးနော်။

Photo Credit:@Li John Photograpy
Photo Credit:Wutt Hmone Shwe Yi's Facebook Page

အခုဆိုရင်တော့ ရွှေကစ်လေးကရှုတင်ကိုရောက်ရှိနေပြီး ရိုက်ကွင်းမစခင်အချိန်မှာ မိတ်ကပ်ပြင်ဆင်နေတာဖြစ်ပါတယ်။ရွှေကစ်လေးရဲ့ မိတ်ကပ်မလိမ်းထားတဲ့ သဘာဝအလှတရားလေးကတောင် ကြည်လင်ရှင်းသန့်နေပြီး အရေးအကြောင်းကင်းစင်နေတာပါနော်။မိတ်ကပ်လိမ်းနေတဲ့အချိန်မှာ လွတ်လွတ်လပ်လပ်ထိုင်နေပြီး အဖွဲ့သားတွေနဲ့ ပျော်ရွှင်ရယ်မောနေတဲ့ ရွှေကစ်လေးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:@Li John Photograpy

Photo Credit:Li John Photograpy

Source:Wutt Hmone Shwe Yi's Facebook Page

Video Credit:Wutt Hmone Shwe Yi's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။