ပရိသတ်ကြီးရေ.. တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေမှာ နေရာယူထားပြီး ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ပွင့်နဒီမောင်ကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုပါဘူးနော်..။

သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေချစ်ခင်ကြတဲ့ ပွင့်နဒီမောင်ဟာ အချိန်တစ်ခုအထိ အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့် လတ်တလောမှာတော့ ပြန်လည်လုပ်ဆောင်နေပြီး မကြာခင်က ပရိသတ်တွေကြားရေပန်းစားသွားခဲ့တဲ့ သူမနဲ့ အေးမြဖြူကြားက အထင်လွဲစရာပြဿာနာလေးနဲ့ ပတ်သက်ပြီး ဖြေရှင်းပြောပြလာပါတယ်..။


Photo Credit - Pwint Nadi Maung's Facebook Account
Photo Credit - Pwint Nadi Maung's Facebook Account

“အေးမြဖြူကို ကြိုက်လည်းမကြိုက်ဘူး ကြည့်လို့လည်းမရဘူး ကြည့်မရဘူးဆပြာလို့ လာဆဲလူတွေကို တရားစွဲမယ်” ဆိုပြီး အကောင့်အတုကနေ တင်လိုက်တဲ့ ကိစ္စလေးနဲ့ ပတ်သက်ပြီး အမှန်တရားကို သိစေချင်လို့ ရှင်းပြတာပါဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်..။

လိုက်စုံစမ်းကြည့်တော့မှ အကောင့်အတုကနေ လုပ်လိုက်တဲ့ ပြဿာနာဖြစ်တဲ့အတွက် အေးမြဖြူနဲ့ အေးမြဖြူကို ချစ်ကြတဲ့ ပရိသတ်တွေ အမှန်တရားကို ကွဲကွဲပြားပြားသိရဖို့အတွက်နဲ့ ဖြေရှင်းပြောပြတာဖြစ်သလို သူမဟာ အကောင့်အစစ်တစ်ခုပဲ သုံးတဲ့အကြောင်းနဲ့ အေးမြဖြူအတွက် စိတ်မကောင်းဖြစ်တဲ့ အကြောင်းလေးတွေကို ပြောပြထားတာပါ..။


Photo By Myanmarload
Photo By Myanmarload

“ကြည့်လည်းကြည့်မရဘူး ကြည့်မရဘူးလို့ပြောလို့ ဆဲတဲ့လူတွေကိုလည်း တရားစွဲမယ်ဆိုတော့ အစ်မဆိုလည်း သူ့နေရာဆိုရင် ခံစားရမှာပဲလေ အစ်မအခုရှင်းရတဲ့အကြောင်းအရင်းက အဲ့ဒါပဲ ညီမလေးကိုလည်း သိစေချင်တယ် အစ်မကိုယ်တိုင် မလုပ်ထားဘူး အကောင့်အတုက လုပ်တဲ့အတွက် သူဖြစ်နေတဲ့ စိတ်ခံစားချက်လေးကို တစ်ဖက်တစ်လမ်းကနေ အစ်မမလုပ်တဲ့ကိစ္စကို မလုပ်တဲ့အကြောင်း အမှန်တရားကို ရှင်းပြတာပါ အကောင့်တုရဲ့ ပို့စ်ကြောင့် အေးမြဖြူရဲ့ ပရိသတ်တွေကအထင်လွဲပြီး ပြောကြတာကိုလည်း စိတ်ဆိုးလို့မရပါဘူး သူတို့မှ မသိကြတာကိုး ညီမလေးအတွက်တော့ အရမ်းကို စိတ်မကောင်းဖြစ်မိတာပေါ့ ..” ဆိုပြီး ပြောပြထားတာပါ..။

ဒီကနေ့လေးမှာတော့ အကောင့်အတုရဲ့ ပို့စ်ကြောင့် ပရိသတ်တွေနားလည်မှုလွဲနေကြတဲ့ အေးမြဖြူကိစ္စလေးနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်း ပြောပြထားတဲ့ ပွင့်နဒီမောင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit - Pwint Nadi Maung's Facebook Account

Photo Credit - Pwint Nadi Maung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။