နေခြည်ဦးက Beauty Blogger တစ်ဦးအဖြစ် လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေပန်းစားအောင်မြင်လာခဲ့ပြီးမှ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသမီးဖြစ်လာတဲ့ နေခြည်ဦးက "ဧည့်သည်၊ရန်သူ" စတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ရရှိလာခဲ့တာလည်းဖြစ်ပါတယ်။ နေခြည်ဦးက အနုပညာလမ်းကြောင်းထက်မှာ ကြော်ငြာတွေ၊ ဇာတ်ကားတွေအပြင် ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးပြီးရပ်တည်အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Nay Chi Oo's FB Acc
Photo Credit- Nay Chi Oo's FB Acc

အခုဆိုရင်လည်း နေခြည်ဦးက "အိပ်မက်တွေမိုးထားတဲ့အိမ်" ရုပ်သံဇာတ်လမ်းတွဲလေးမှာ မင်းသမီးလေးအဖြစ် ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ခေတ်မှီဆန်းသစ်တဲ့ဖက်ရှင် အပြင်အဆင်တွေနဲ့ အမြဲလှနေတတ်တဲ့ နေခြည်ဦးက မကြာခင်မှာဆိုရင် အသက် (၂၈) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ပိုပိုပြီးလှလာတဲ့နေခြည်ဦးက အခုလည်း သူမရဲ့ပရိသတ်တွေအတွက် ပုံသစ်လေးတွေနဲ့ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးကို မျှဝေပေးထားပါတယ။

Photo Credit-Aung Kyaw Tun
Photo Credit-Aung Kyaw Tun

အလန်းစားဖက်ရှင်လေးနဲ့ အရမ်းကိုထိထိမိမိလှနေတဲ့ နေခြည်ဦးက ဆွဲဆောင်မှုရှိရှိပို့စ်ပေးပြီး Photo Shooting လေးကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးကတော့ မခို့တရို့အမူအရာလေးတွေနဲ့ ဖမ်းစားတတ်သလို ရင်ခုန်စွဲမက်ချင်စရာကောင်းလောက်အောင်ကို လှနေတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့အမိုက်စားပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit- Nay Chi Oo's FB Story

Photo Credit-Aung Kyaw Tun  

Photo Credit-Aung Kyaw Tun
Photo Credit- Nay Chi Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။