ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး အေးမြတ်သူကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လှုပ်ရှားနေပြီး ပရိသတ်တွေရဲ့မေတ္တာတွေကိုလည်းခံယူနေတာဖြစ်ပါတယ်။အေးမြတ်သူက အနုပညာအလုပ်တွေကိုလည်းကြိုးစားလုပ်ဆောင်သလို မိသားစုအတွက်လည်းအချိန်ပေးပြီး ဂရုစိုက်စောင့်ရှောက်ပေးတဲ့ သမီးလိမ္မာလေးပါနော်။အေးမြတ်သူက သူမအားတဲ့အချိန်တိုင်းမှာ မိဘနှစ်ပါးနဲ့အတူ ဈေးဝယ်ထွက်ပြီးစားကောင်းတာလေးတွေကိုလည်း သွားစားကြတာဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's Facebook Page/Amazing Grace
Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page

အေးမြတ်သူက စိတ်ထားလေးလည်းဖြူစင်မွန်မြတ်ပြီး လူလူချင်းမခွဲခြားပဲအကုန်လုံးကို တန်းတူရည်တူဆက်ဆံတတ်လို့ ပရိသတ်တွေကလည်းသူမရဲ့စိတ်ဓာတ်လေးကိုအရမ်းချစ်နေကြတာဖြစ်ပါတယ်။အလှူရေစက်လက်နဲ့မကွာဆိုသလို တတ်နိုင်သလောက်ကိုအမြဲတမ်းလှူဒါန်းနေတဲ့အေးမြတ်သူက စတုဒီသာကျွေးမွေးပြီးလည်းလှူဒါန်းသလို လိုအပ်နေတဲ့နေရာတွေကိုလည်းသွားရောက်ပြီးလှူဒါန်းတာဖြစ်တဲ့အပြင် တိရိစ္ဆာန်လေးတွေအပေါ်မှာလည်းသနားကြင်နာတတ်တဲ့စိတ်အပြည့်ရှိပါတယ်နော်။

Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page

စိတ်ထားလေးကဖြူစင်သန့်ရှင်းတော့ လူလေးကပါအေးချမ်းကြည်လင်ပြီး အေးမြတ်သူရဲ့အလှကမြင်သူတိုင်းရင်ကိုအေးမြသွားစေပါတယ်နော်။အခုဆိုရင်တော့ အေးမြတ်သူက ကြုံတုန်းကြုံခိုက်လေးမှာ သီလရှင်ငယ်လေးတွေကို ဝတ္ထုငွေလောင်းလှူခဲ့တာဖြစ်ပါတယ်။အေးမြတ်သူကတော့ ဖိနပ်လေးကိုချွတ်ပြီး ရိုရိုသေသေနဲ့လက်အုပ်လေးချီကာ အလှူအတန်းပြုနေတဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရေစေနော်။

Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page

Photo Credit:Aye Myat Thu's Facebook Page

Video Credit:Aye Myat Thu's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။