Beauty Blogger အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ နာမည်ရအောင်မြင်နေတဲ့ နေခြည်ဦးကတော့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ်။ သွက်လက်တက်ကြွပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ နေခြည်ဦးရဲ့ပုံစံက ပရိသတ်တွေကိုပိုပြီးကြွေစေနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေခြည်ဦးက သူမရဲ့ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေ ဆက်ဆံလေ့ရှိတာဖြစ်ပါတယ်။

Photo Credit :Nay Chi Oo Instagram
Photo Credit :Nay Chi Oo Instagram

သူမရဲ့ ဖက်ရှင်ဟာဆိုရင်လည်း ခေါင်းအစခြေအဆုံး အမြဲအသစ်သစ်တွေ အမိုက်စားတွေနဲ့ မရိုးနိုင်အောင်လန်းနေတာကြောင့်မိန်းကလေးအများစု အားကျ နှစ်သက်နေရသူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ချီဟာ မြင်သူတိုင်းရူးခါသွားရလောက်အောင် လှရက်လွန်းနေတဲ့ မြန်မာဖက်ရှင်နဲ့ အလန်းစားပုံလေးကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit :Nay Chi Oo Instagram
Photo Credit :Nay Chi Oo Instagram

ပုံလေးထဲမှာ ချီချီတစ်ယောက် ယဉ်ယဉ်လေးနဲ့ အရမ်း ချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ချီချီကတော့ အမြဲ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနေတက်သူလေးလည်းဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် နေခြည်ဦးရဲ့ ဖက်ရှင် အမိုက်စားနဲ့ အလန်းစားပုံလေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit :Nay Chi Oo Instagram
Photo Credit :Nay Chi Oo Instagram

Source & Photo Credit :Nay Chi Oo Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။