ပရိသတ်ကြီးရေ.. ကျော့ရှင်းပြီး ချစ်စရာ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ သရုပ်ဆောင်မင်းသမီးချော မယ်လိုဒီကတော့ ချစ်စရာကောင်းလွန်းတဲ့ သားလေးနဲ့အတူ ကြည်နူးစရာမိသားစုလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူလေးပဲ ဖြစ်ပါတယ်..။

အားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်နေတာမို့ ပရိသတ်အားကျချစ်ခင်ရတဲ့ မယ်လိုဒီကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက “လှတဲ့မိန်းမတွေ လင်ကံမကောင်းဘူး ဒဲ့ပဲ အနာရှိရင်စပ်ကြ” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ Staus လေးတင်ခဲ့တာမို့ ချစ်ခင်ကြတဲ့ ပရိသတ်တွေစိတ်ပူခဲ့အတွက် အဆိုပါ Staus လေးတင်ခဲ့တဲ့အကြောင်းအရင်းလေးကို ပြောပြလာပါတယ်နော်..။


Photo Credit - Melody Myo's Facebook Account
Photo Credit - Melody Myo's Facebook Account

သူမကတော့ ပရိသတ်တွေနဲ့အတူ အပြန်အလှန်ရင်ဖွင့်ကြတဲ့အထဲကမှ မိန်းကလေးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူရဲ့ရိုက်နှက်မှုခံရတာကို သိခဲ့ပြီး လှတဲ့မိန်းကလေး ခပ်ချောချောကောင်မလေးက အိမ်ထောင်ရေးကံမကောင်းတာကို ခံစားရကာ လှတဲ့မိန်းကလေးက လင်ကံမကောင်းပါလားဆိုပြီး ပြောလိုက်မိတဲ့ Staus လေးအကြောင်း ပြောပြထားတာပါ..။

တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာရှိတာ အကောင်းဆုံးဖြစ်သလို ရိုက်တယ်ဆိုကတည်းက ယောကျ်ားကောင်းမပီသတော့တာမို့ ချစ်တယ်ဆိုရင် မရိုက်ဘဲ ကြင်နာတဲ့အနမ်းပဲ ပေးသင့်တာပါဆိုပြီးတော့လည်း မေမေမျိုးက ပြောပြထားပါတယ်..။


Photo Credit - Melody Myo's Facebook Account
Photo Credit - Melody Myo's Facebook Account

အိမ်ထောင်ရေးတွေမှာလည်း “ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးဆိုတာ ရှိတော့ရှိလိမ့်မယ် ဒါပေမယ့် နည်းနည်းတော့ ရှားလိမ့်မယ် ကိုယ့်ရဲ့လိုချင်လောဘတွေလျှော့ရမယ် ကိုယ်ချင်းစာတရားကြီးမားရမယ် ကိုယ်ချစ်တဲ့လူကို စိတ်ရော ခန္ဓာကိုယ်ရော ထိခိုက်နာကျင်အောင် မလုပ်ရဘူး ..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။

ဒီကနေ့လေးမှာတော့ အိမ်ထောင်ရေးအမြင်လေးတွေကို ပြောပြလာတဲ့ မေမေမယ်လိုဒီရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်တာမို့ အားပေးရင်း ကြည့်ရှု့လိုက်ကြရအောင်နော်..။

Photo Credit - Melody Myo's Facebook Account
Photo Credit - Melody Myo's Facebook Account

Photo Credit - Melody Myo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။