အဆိုတော်၊ သရုပ်ဆောင် မင်းသားချောလေး ရဲရင့်အောင်နဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဧငြိမ်းဖြူတို့နှစ်ယောက်ကတော့ ချစ်သူအဖြစ်လက်တွဲလာခဲ့တာက အခုဆိုရင် ချစ်သူသက်တမ်း (၃) နှစ်တိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ အတူတူလျှောက်လှမ်းနေတဲ့ သူတို့စုံတွဲလေးက တကယ့်ကို ရှေ့သွားနောက်လိုက်ညီတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့စုံတွဲလေးက ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်စုံတွဲလေးတွေထဲမှာလည်း အပါအဝင် ဖြစ်ပါတယ်။

Photo Credit-A Nyein Phyu's FB Acc
Photo Credit-A Nyein Phyu's FB Acc

လက်ရှိမှာတော့ ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ချစ်သူနှစ်ဦးက ချစ်သူသက်တမ်း (၃) နှစ်ပြည့်မှာ အမှတ်တရခရီးလေးအဖြစ် မိဘ၊ သူငယ်ချင်းတွေနဲ့အတူ ဘန်ကောက်ကိုခရီးထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နေရာအနှံ့လျှောက်လည်နေတဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးက " SAFARI WORLD" ကို သွားရောက်လည်ပတ်ခဲ့ကြပါသေးတယ်။ အခုလည်း ဧငြိမ်းဖြူက ကြက်တူရွေးလေးတွေကို ပုခုံးပေါ်တင်ပြီး လမ်းလျှောက်နေတဲ့ ချစ်သူရဲရင့်အောင်ရဲ့ဗီဒီယိုလေးကို တင်လိုက်ပါတယ်။

Photo Credit- Shein Khant Aung
Photo Credit-A Nyein Phyu's FB Acc
Photo Credit-A Nyein Phyu's FB Acc

ရဲရင့်အောင်တစ်ယောက် ငှက်နှစ်ကောင်ဝိုင်းကိုက်တာခံနေရတာတောင်မှ သဘောတွေကျနေတဲ့ပုံစံလေးကို ဧငြိမ်းဖြူက ဗီဒီယိုလေးအမိအရရိုက်ပြီး တင်ထားတာဖြစ်ပါတယ်။ ရဲရင့်အောင်တို့ချစ်သူနှစ်ဦးကတော့ " SAFARI WORLD" ထဲမှာ လည်ပတ်ရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်အတွက် ဧငြိမ်းဖြူကိုယ်တိုင်ရိုက်ပြီး တင်ပေးထားတဲ့ ရဲရင့်အောင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-A Nyein Phyu's FB Story 

Photo Credit-A Nyein Phyu's FB Story
Photo Credit-A Nyein Phyu's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။