နေ့စဉ် မရှိမဖြစ်လိုအပ်သော လူ့အသုံးအဆောင် ပစ္စည်းတွေထဲကမှ တစ်ခုဖြစ်တဲ့ သွားတိုက်ဆေးဟာ အခြားနေရာတွေမှာလည်း များစွာ အသုံးဝင်နေပါသေးတယ်။ အဆိုပါ အကြောင်းကို ပရိသတ်ကြီး သိရှိရအောင် ဗဟုသုတ အစီအစဉ် ကဏ္ဍကနေ စိတ်ဝင်စားဖွယ် ပုံရိပ်တွေနဲ့တကွ ရေးသားဖော်ပြ ပေးသွားမှာဖြစ်ပါတယ်။ မိမိ သွားကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်တဲ့နေရာမှာ သွားကို နေ့ရော ညပါ သွားတိုက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဲ့လိုသွားတိုက်ဆေးက သွားတိုက်တဲ့ နေရာမှာသာမကပဲ မိမိရဲ့ လက်ဝတ်ရတနာပစ္စည်းများကို ချေးချွတ်တဲ့ နေရာမှာလည်း အသုံးဝင်တာ ဖြစ်ပါတယ်။

photo credit pngtree

လူအများစုဟာ မိမိတို့ရဲ့ လက်ဝတ်တန်ဆာ ကျောက်မျက် ရတနာ ပစ္စည်းများအား အရောင်တင်ရန် ရတနာဆိုင်များသို့ သွားကာ ဈေးကြီး ပေး၍ ချေးချွတ်လေ့ရှိကြပါတယ်။ သတ္ထုပစ္စည်းများအား သွားတိုက်ဆေးဖြင့် ချေးချွတ်တာကို ရှေးနှစ်ပေါင်းများစွာကတည်းကမှ ယနေ့ထိတိုင် လူတော်တော်များများ အသုံးပြုလေ့ ရှိကြပါတယ်။ ကျောက်မျက် ရတနာပစ္စည်းများရဲ့ မျက်နှာပြင်အား သွားတိုက်ဆေးဖြင့် သုတ်လိမ်းပြီး ဝက်မှင်ဖြင့် ပွတ်တိုက်ပေးကာ ရေဆေး၊ အခြောက်ခံ၊ သုတ်ပေးခြင်းကို ရိုးစင်းစွာ ပြုလုပ်နိုင်ပါတယ်။

photo credit pngtree

အထက်ပါ ဖော်ပြသွားတဲ့အတိုင်း ပရိသတ်ကြီးရဲ့ ရတနာ ပစ္စည်းများအား ပြုလုပ်ပေးပါက အလွန် သန့်ရှင်းစင်ကြယ် တောက်ပြောင် သွားတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ မိမိ သန့်စင်လိုတဲ့ သတ္ထုပစ္စည်းဟာ ချေးညှော်များ အလွန်များနေပါက ပန်းကန်းလုံး တစ်လုံးထဲမှာ သွားတိုက်ဆေး ကို ရေဖြင့် ဖျော်၍ ခွက်ထဲနှစ်ပြီး ဆေးကြောသန့်စင်လို့ ရပါတယ်။ ယခုဖော်ပြပေးသွားခဲ့တဲ့ သွားတိုက်ဆေး အသုံးဝင်ပုံကို ပရိသတ်ကြီး ဖတ်ရှုရတာ ကျေနပ် နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်နော်..။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။