ရုပ်ရှင်နဲ့ အဆိုတော်သရုပ်ဆောင် ဦးအောင်ရင်ရဲ့ သားလေးဖြစ်တဲ့ မိုးအောင်ရင်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့ထိရှိနေတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေနဲ့ အလှမ်းဝေသွားတာဖြစ်ပေမယ့် မကြာသေးမီကပဲ ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးကာ သူရဲ့ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ 

Photo Credit; Moe Aung Yin's Facebook Account
Photo Credit; Moe Aung Yin's Facebook Account

ယနေ့ချိန်ထိ နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်ချစ်ခင်အားပေးလျက်ရှိတဲ့ မိုးအောင်ရင်ဟာ အမှားတစ်ခုကြောင့် ခံခဲ့ရတဲ့ အပြစ်ဒဏ်တွေကို ခံယူပြီးနောက်ပိုင်းမှာလည်း

မိသားစုကိုပိုမိုအချိန်ပေးကာ ပျော်ရွှင်နေသူတစ်ယောက်ပါ။ လတ်တလောရှုတင်တွေရပ်နားထားတာဖြစ်ပြီး သူရဲ့အိမ်မှာ အနားယူကာ ကုသိုလ်ကောင်းမှုတွေ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။  

Photo Credit; Moe Aung Yin's Facebook Account

မင်းသားချောလေးမိုးအောင်ရင်က မိသားစုနဲအတူ နွေးထွေးစွာနေထိုင်လျှက်ရှိနေပြီး အမှတ်တရတွေဖန်တီးရယူနေတာဟာ ပရိသတ်တွေကို အတုယူမိစေမှာ အမှန်ပါပဲနော်။ အခုဆိုရင်လည်း “အိမ်မှနဂါးရုံဘုရားအား ရေသပ္ပယ်နေပါကြောင်း “ဆိုတဲ့ စာသားလေးနဲ့ ကြည်ညိုဖွယ်ရာ ဘုရားပုံတော်ကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာမှာတင်ထားခြင်းဖြစ်ပါတယ်။ .ယခုလို ဘုရားတရားလုပ်ဆောင်နေတဲ့ ပရိသတ်အချစ်တော် မင်းသားချောလေး မိုးအောင်ရင်ရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။ 

Photo Credit; Moe Aung Yin's Facebook Account
Photo Credit; Moe Aung Yin's Facebook Account

Source; Moe Aung Yin's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။