သင့်အနေနဲ့ Mobile ပေါ်မှာ Overwatch လိုမျိုး ကိုယ်ပိုင် Ability တွေ Power တွေနဲ့ပစ်ခတ်လို့ ကောင်းမဲ့ ဂိမ်းမျိုးကို တွေးမိဖူးကြပါလား။ Overwatch ဆိုတာကတော့ Game လောကရဲ့ First Person Shooter အမျိုးအစားတွေထဲကမှ အောင်မြင်တဲ့ ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Apex Legends တို့ Call Of Duty စတဲ့ဂိမ်းတွေအောင်မြင်သလို သူတို့လဲအောင်မြင်တဲ့ဂိမ်းဖြစ်ပါတ်။ Overwatch ရဲ့ လူကြိုက်များတဲ့ တစ်ခုကတော့ Character တိုင်းမှာ ကိုယ်ပိုင် Ability နဲ့ Power တွေရှိကာ တစ်ဖက်ကို ၅ယောက်စီးပစ်ခိုက်ရတာဖြစ်ပါတယ်။ 

ဖုန်းပေါ်မှာဆိုရင်လဲ အဲ့ဒီလိုမျိုး ကိုယ်ပိုင်ပါဝါတွေနဲ့ တစ်ဖက်ကို ၅ယောက်စီ ပစ်ခတ်လို့ရပါတယ်။ ဂိမ်းနာမည်ကတော့ ShellFire ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာဆိုရင် Overwatch လိုမျိုးပဲ ပစ်ခတ်ဆော့ကစားရတာဖြစ်ပါတယ်။ Character တွေများစွာလဲပါဝင်ပြီး အချိန်မပြည့်မချင်း ပစ်သတ်နေရမှာဖြစ်ပြီး တစ်ခါသေတိုင်းလဲ ပြန်ပေါ်နေမှာဖြစ်ပါတယ်။ Shooter တွေကိုကြိုက်နှစ်သက်တဲ့သူုတွေအနေနဲ့တော့ အဆင်ပြေစေမှာဖြစ်ပါတယ်။  

Photo Credit : Shellfire game screenshot

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။