ကမ္ဘာပေါ်က လူတော်တော်များများမှာ ချစ်ခင်ကြတဲ့ သူတွေရှိတက်စမြဲပါပဲ။ လူအများစုဟာလဲ အဲ့လိူသူတွေအတွက်ဆို အသက်ကို တောင် ပေးဆပ်ပြီး ကယ်တင်ဖေးမနိုင်ကြပါတယ်။ လူတိုင်းမဟုတ်ရင်တောင် လူနည်းစုတချို့ကတော့ ကိုယ့်ချစ်တဲ့သူအတွက်ဆို အဲ့လိုမျိုးပြုလုပ်ကြမှာပဲဖြစ်ပါတယ်။ ခုဖော်ပြသွားမဲ့ ဂိမ်းလေဟာလဲ ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်ဟာ တစ်ရက်မှာ အန္တာရယ်ကြားထဲရောက်ရှိသွားကာ ကောင်းကင်ပေါ်ကနေတောင် ကယ်တင်ပေးဖို့ ဆင်းလာတဲ့ နတ်သမီးတစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ 

Photo Credit : Shellfire game screenshot

သူမရဲ့ နာမည်ကတော့ Nyx ပဲဖြစ်ကာ သူမဟာ Zeus ပေးတဲ့ ပါဝါတွေနဲ့အတူ သူငယ်ချင်းကို ကယ်တင်ဖို့ရာ လူပြည့်ဆင်းပြီး ခရီးဆက်ခဲ့ပါတယ်။ ကစားသူဟာ အဲ့နေရာကနေစပြီး ဆော့ကစားရမှာဖြစ်ပါတယ်။ သွားရာလမ်းခရီးမှာ သင်ဟာ လေတွေကို အမိန့်ပေးလို့ရသလို မီးတွေကိုလဲ ထိန်းချုပ်လို့ရပါတယ်....စသဖြင့် များစွာသော အစွမ်းတချို့နဲ့အတူ Hydra တွေကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။ သူမသွားလာတဲ့ လမ်းတစ်လျှောက်မှာ အခတ်အခဲများစွာနဲ့အတူ အန္တာရာယ်တွေကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ဆော့ကစားရင် ကိုယ်ဘေးနားးမှာရှိနေတဲ့ သူတွေ ကိုယ့်ကိုချစ်တဲ့သူတွေရဲ့ တန်ဖိုးကို သိလိုက်ပါစေ။ 

Photo Credit : NyxQuest: Kindred Spirits game Screenshot 

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။