အမိုက်စားခန္ဓာကိုယ်အချိုးအစားနဲ့ဆွဲဆောင်မှုရှိလှပြီး ချစ်စရာရုပ်ရည်လေးကိုပိုင်ဆိုင်ထားသူကတော့မင်းသားချောလေးလင်း‌အောင်ခတ်ပါ။ကြော်ငြာများtik tokဗီဒီယိုများနဲ့ပရိတ်သတ်ရင်ထဲရောက်ရှိခဲ့တဲ့ လင်းအောင်ခတ်ဟာယခုအချိန်တွင်ရုပ်ရှင်ကားကြီးများပါရိုက်ကူးအောင်မြင်နေပြီပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်မရွေး ပီပြင်စွာသရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိတ်သတ်အားပေးမှုအပြည့်အဝရရှိပြီး အောင်မြင်ကျော်ကြားနေတာပါနော်။


Photo Credit-Lin Aung Khit's Facebook acc
Photo Credit-Lin Aung Khit's Facebook acc

မကြာသေးမီက လင်းအောင်ခတ်ဟာ သူ့ရဲ့facebookစာမျက်နှာတွင် ဟိုင်းမတွေ့တာကြာပြီဆိုတဲ့captionလေးနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။သူဟာ အဖြူရောင်အင်္ကျီလေးကိုဝတ်ဆင်ထားပြီးချောမောသန့်ပြန့်နေတာပဲဖြစ်ပါတယ်။ဒါ့ပြင်လင်းအောင်ခတ်ဟာ တည်ကြည်ခန့်ညားတဲ့ပိုစ့်တွေလည်းပေးနေပါသေးတယ်နော်။


Photo Credit-Lin Aung Khit's Facebook acc
Photo Credit-Lin Aung Khit's Facebook acc

လင်းအောင်ခတ်ဟာလတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီး ဇာတ်လမ်းအသစ်များလည်းရိုက်ကူးနေတာဖြစ်ပါတယ်။ပရိတ်သတ်ကြီးရော လင်းအောင်ခတ်ကိုအားပေးကြမယ်မလား။ကြာလေ ချောလာလေဖြစ်တဲ့လင်းအောင်ခတ်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော် ။

Photo Credit-Lin Aung Khit's Facebook acc
Photo Credit-Lin Aung Khit's Facebook acc

Source-Lin Aung Khit's Facebook acc

Photo Credit-Lin Aung Khit's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။