photo credit - DreamLeague Facebook page

DreamLeague Season 13 ပြိုင်ပွဲကြီး စတင်ကျင်းပလာတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ 18 ရက်နေ့ထဲကဖြစ်ပြီး ဒီနေ့ဆိုရင် ကျင်းပလာတာ 7 ရက်ရှိနေပြီပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးကိုတော့ စုစုပေါင်း dota 2 team 16 team ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး group stage အပြီး playoffs ပွဲစဉ်တွေ ယှဉ်ပြိုင်နေစဉ်အတွင်းမှာပဲ အသင်းတချို့ဟာ ထွက်ခွာသွားရပြီပဲဖြစ်ပါတယ်။

ထွက်ခွာသွားခဲ့ရပြီဖြစ်တဲ့ အသင်းတွေကတော့ paiN Gaming , Chaos EC , Reality Rift , Virtus.pro , Nigam , Team Aster , Fnatic နဲ့ Navi တို့ဖြစ်ပြီး စုစုပေါင်း 8 သင်းတောင်ထွက်ခွာသွားရပြီပဲဖြစ်ပါတယ်။

ဒီကနေ့မှာဆိုရင်လည်း ရှုံးထွက်ပွဲစဉ်တွေအဖြစ်နဲ့

beastcoast Vs IG

TNC VS Liquid

EG Vs (winner of beastcoast Vs IG ) စုစုပေါင်း သုံးပွဲ ယှဉ်ပြိုင်ကစားသွားဖို့ရှိနေပါတယ်။

ဒီပွဲစဉ်သုံးခုထဲကလည်း ရှုံးတဲ့အသင်းတွေ အားလုံးဟာ အိမ်ပြန်ရမှာဆိုတော့ ဒီနေ့မှာလည်း DreamLeague Season 13 ကနေ ထွက်ခွာရမယ့် အသင်း 3 သင်းထွက်ပေါ်လာဦးမှာပဲဖြစ်ပါတယ်။

MLEsports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။