ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Red Pyramid" (ပိရမစ်နီ) အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိ ရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရှေးဟောင်း အီဂျစ်ဟာဆိုရင် လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ နယ်မြေလို့ ပြောလို့ရပြီး များပြားလှသော သမိုင်းဝင် အဆောက်အအုံများဖြင့် ထင်ရှားတဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ သတိမမေ့လိုက်နဲ့ဦးနော်။
ရှည်လျားသော အီဂျစ်သမိုင်းကြောင်းတစ်လျောက် ဘုရင်၊ ဘုရင်မတို့ အသီးသီး ဆောက်လုပ်ခဲ့ကြတဲ့ အဆောက်အဦများဟာ ယနေ့ထိတိုင် ရှေးဟောင်း အမွေအနှစ်များ အဖြစ် တည်ရှိနေကြတာ ဖြစ်ပါတယ်။ သမိုင်းဝင် ဖြစ်ရပ်များလည်း များစွာ ပေါ်ထွန်းခဲ့ပါသေးတယ်။ အဆိုပါ အံ့သြဖွယ် အကောင်းဆုံးသော ရှေးဟောင်း အဆောက်အအုံများအနက် ဗိမ္မာန်များ၊ ပိရမစ်များကို အီဂျစ်တွင် ယနေ့ထိတိုင် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ အဲ့ထဲကမှ ပိရမစ်နီ အကြောင်းကို ရွေးချယ်ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဖာရို စနီ ဖာရူ (Sneferu) တည်ဆောက်ခဲ့တဲ့ ပိရမစ်နီဟာ ကမ္ဘာပေါ်တွင် ပထမဦးဆုံး အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တဲ့ လေးဘက်ညီ ချောမွေ့သော ပိရမစ် တစ်ခုဖြစ်ပါတယ်။ ၁၀၄ မီတာ မြင့်မားတဲ့ ပိရမစ်နီဟာ အီဂျစ် ပိရမစ်များအနက် စတုတ္ထမြောက် အမြင့်ဆုံးဖြစ်ပါတယ်။ ယနေ့ထိတိုင် ပိရမစ်နီဟာ အီဂျစ်သို့ လာရောက်ကြသူများ အထူးဂရုပြုကြတဲ့ ပိရမစ် တစ်ခုလို့ ပြောလို့ရပါတယ်။ အကြောင်းကတော့ ဂီဇာ ကုန်းပြင်မြင့်အား ယိုယွင်း ပျက်စီးစေနိုင်လောက်အောင် လူများမလာ ရောက်ကြခြင်းနှင့် ပိရမစ်အတွင်းဝင်ရန် ပုံမှန် မဟုတ်သော အဝင်လမ်းများ ပြုလုပ်ထားခြင်းကြောင့် ဖြစ်ပါတယ်။
Source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။