အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့် အကြိုပြင်ဆင်မှုအနေဖြင့် မြန်မာ အမျိုးသမီး အသင်းနှင့် ထိုင်းအသင်းတို့ ဇန်နဝါရီ ၂၅ရက် ညနေ ၄နာရီ၊ မန္တလာသီရိ အားကစားကွင်းတွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့၏ Official Training များကို မနေ့ညနေပိုင်းက မန္တလာသီရိကွင်းတွင်ပြုလုပ်ခဲ့ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page
Photo Credit - Myanmar Football Federation Facebook Page

မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲအဖြစ် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အိမ်ရှင် တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သလို ထိုင်းအသင်းအနေဖြင့်လည်း အိုလံပစ်ခြေစစ်ပွဲအဖြစ် တရုတ်၊ ဩစတြေးလျ၊ တရုတ်(တိုင်ပေ)အသင်းများနှင့်အတူ ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page
Photo Credit - Myanmar Football Federation Facebook Page

မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမ ကစားသမား (၂၆)ဦးဖြင့် စုဖွဲ့လေ့ကျင့်နေပြီး အသင်းနည်းပြချုပ်အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ၏ လမ်းညွှန်ချက်အရ ဦးတင်မြင့်အောင်အား အသင်းအုပ်ချုပ်သူ ယာယီနည်းပြချုပ်အဖြစ် ပူးတွဲတာဝန်ပေးအပ်ခဲ့ပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့ ဇန်နဝါရီ ၂၉ရက်နေ့တွင် ကစားသမား (၂၀)ဦးဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့် အတွက် အပြီးသတ်လူစာရင်းကို ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page

Source - Myanmar Football Federation Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။