MPT Myanmar National League 2020 ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂) ကစားပြီးချိန်မှာ ရမှတ် (၃) မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယားအဆင့် (၇) နေရာ ရောက်နေလို့ အမှတ်ရရှိဖို့ လိုအပ်နေတဲ့အသင်းကတော့ ရှမ်းယူနိုက်တက်အသင်းပဲဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းကလည်း အနိုင် ၃မှတ်ကို ရရှိအောင်အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။

Photo Credit - Shan United FC Facebook Page
Photo Credit - Shan United FC Facebook Page

အခုနှစ်ရာသီရဲ့ အိမ်ကွင်းပထမဆုံးပွဲစဉ်ဖြစ်တာမို့ အိမ်ကွင်းပရိသတ်တွေရဲ့ ရှေ့မှောက်မှာ အမှားမခံဘဲ ရေကုန်ရေခမ်းကြိုးပမ်းလာမယ့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ဟာ စနေနေ့ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။

Photo Credit - Shan United FC Facebook Page
Photo Credit - Shan United FC Facebook Page

ပြီးခဲ့တဲ့ ၂၀၁၉ ရာသီ မုံရွာကွင်းမှာ တွေ့ဆုံခဲ့စဉ်က တစ်ဘက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ဒီနှစ်သင်းရဲ့ ပွဲစဉ်ဟာ အခုနှစ်မှာရော သရေရလဒ်ပဲလားဘယ်အသင်းနိုင်ပြီး၊ ဘယ်အသင်းရှုံးသွားနိုင်လဲဒီပွဲကို Fortune TV ရုပ်သံလိုင်းနဲ့ My Sports ဖေ့စ်ဘွတ်စာမျက်နှာကနေ တိုက်ရိုက်ပြသမှာလည်း ဖြစ်ပါတယ်။ကဲ့ ချစ်ပရိသတ်ကြီးရေ ဒီနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ရှမ်းယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကို စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်။

Photo Credit - Shan United FC Facebook Page

Source - Shan United FC Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။