ပရိသတ်ကြီးရေ ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ လတ်တလောမှာဆိုရင်"ကမ်း"ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူတွဲပြီးပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ရွှေမှုံတို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဒီနှစ်ထဲမှာ အများအပြားတွေ့မြင်ရမှာပါနော်။ရွှေထူးနဲ့ရွှေမှုံတို့က အေးအတူပူအမျှနဲ့လက်တွဲနေထိုင်ပြီး ကြိုးစားလာကြတာဟာဆိုရင် အိမ်ထောင်သက်တမ်း၁နှစ်ကျော်ရှိနေပါပြီနော်။

Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account

ရွှေထူးနဲ့ရွှေမှုံတို့က တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်ထားပေးကြပြီး ချစ်ခင်ကြင်နာကြလို့ သာယာနွေးထွေးတဲ့အိမ်ထောင်ရေးလေးပဲဖြစ်ပါတယ်။ရွှေမှုံလေးကလည်း အသက်လေးငယ်ပေမယ့် အိမ်မှုကိစ္စအဝဝကိုစည်းစနစ်တကျဆောင်ရွက်ပြီး ရွှေထူးရဲ့အလုပ်တွေကိုလည်း တတ်နိုင်သလောက်ကူညီပေးတာပါ။ရွှေထူးကတော့ ချစ်ဇနီးလေးအပေါ်မှာ လုံခြုံနွေးထွေးမှုတွေနဲ့စောင့်ရှောက်ပေးတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။

Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account

ရွှေထူးနဲ့ရွှေမှုံတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်တွေကလည်းအမြဲစောင့်ကြည့်ပြီး အားပေးချစ်ခင်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရွှေထူးက"ဒီနေ့ကံကောင်းတယ်... ဆံပင် သွားညှပ်ခါနီး ချစ်မရွှေမှုံနဲ့​တွေ့ခဲ့တယ်... အပြင်မှာပိုလှတယ်... selfie ရိုက်ခွင့်ပေးတာကျေးဇူးပါဗျ... အားပေးနေပါတယ်နော် "ဆိုပြီး ချစ်ဇနီးလေးကိုကျီစယ်ကာ ဇနီးမောင်နှံနှစ်ယောက် အရမ်းလိုက်ဖက်ညီနေတဲ့ ပုံရိပ်လေးကိုပရိသတ်ကြီးအတွက်မျှဝေပေးလာတာဖြစ်ပါတယ်။

Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account

Photo Credit:Htoo Khant's Facebook Account

Source:Htoo Khant's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။