ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှုးသန်းပိုင် က အစဉ်အလာပြိုင်ဘက်ဖြစ်သည့် ရတနာပုံအသင်းနှင့် ပွဲစဉ်အတွက် သေချာပြင်ဆင်ထားသည် ဟု ပွဲမတိုင်မီတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။“ရတနာပုံအသင်း က ဘယ်လိုခြေစွမ်းရှိတယ်ဆိုတာကို သိပြီးသားဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် သေချာပြင်ဆင်ထားပါတယ်။ သူတို့အသင်းကလည်း ရန်ကုန်နဲ့တွေ့ရင် သေချာပြင်ဆင်လာမှာဖြစ်တဲ့အတွက် ခက်ခဲမယ့် ပွဲတစ်ပွဲလိုမြင်ပါတယ်။” ဟု သန်းပိုင် က ဆိုခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

ရန်ကုန်ယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ အဖြစ် ရတနာပုံအသင်းနှင့် လာမည့် ဇန်နဝါရီလ ၂၆ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက် အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။သန်းပိုင် က “တစ်ပွဲနဲ့တစ်ပွဲ ပိုကောင်းအောင် ကြိုးစားနေပါတယ်။ ဂိုးရတာကလည်း အသင်းဖော်တွေ ပံ့ပိုးမှုအားကောင်းတဲ့အတွက် ဂိုးရတာလည်း ဖြစ်ပါတယ်။ ဒီအတွက် ယုံကြည်မှုပိုရှိလာပါတယ်။ လာမယ့်ပွဲမှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်အောင် ကြိုးစားသွားပါမယ်” ဟု ပြောကြားခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရတနာပုံအသင်းတို့၏ ၂၀၁၉ ရာသီတွေ့ဆုံမှုတွင် ရန်ကုန်အသင်းက ၁ ပွဲနိုင်၊ ၁ ပွဲရှံး ရလဒ်ရရှိထားပါတယ်။“အသင်းသားတွေနဲ့ နည်းပြတွေကြားမှာ နားလည်မှုတွေကောင်းလာတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အချိတ်အဆက်ပိုမိလာပါတယ်။ နောက်ပွဲတွေမှာလည်း ဒီထက်ပိုကောင်းအောင် စည်းစည်းလုံးလုံး၊ နားလည်မှုရှိရှိနဲ့ ကစားသွားပါမယ် အိမ်ကွင်းမှာ ကစားရမှာဖြစ်တဲ့အပြင် ပွဲကောင်းတစ်ပွဲဖြစ်တဲ့အတွက် ပရိသတ်တွေလည်း လာရောက်အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေလိုချင်တဲ့ အနိုင်ရလဒ်ရရှိအောင် စွမ်းဆောင်ပေးသွားပါမယ်လို့ ပြောချင်ပါတယ်”ဟုပြောကြားခဲ့ပါတယ်။ 

source : Yangon United Football Club 's facebook page 

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။