အဆိုတော် အာဘွိုင်းနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ဇနီးမောင်နှံကတော့ အများကအားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ချစ်ချစ်ခင်ခင်နဲ့ အတူလက်တွဲခဲ့တဲ့ အာဘွိုင်းတို့စုံတွဲက သမီးချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။ သမီးလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နေကြတဲ့ အာဘွိုင်းတို့မိသားစုလေးကတော့ တကယ့်ကို ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။

Photo Credit- Yeminlay Photography
Photo Credit- Yeminlay Photography
Photo Credit- Yeminlay Photography
Photo Credit- Yeminlay Photography

အခုလို တရုတ်နှစ်သစ်ကူး အချိန်အခါသမယလေးမှာတော့ အာဘွိုင်းတို့မိသားစုလေးက အတူတူဘုရားကျောင်းတက်ဖြစ်ခဲ့ကြပါတယ်။ အနီရောင်ဝတ်စုံလေးတွေ ဆင်တူဝတ်ဆင်ပြီး ဘုရားကျောင်းတက်ခဲ့ကြတဲ့ အာဘွိုင်းတို့မိသားစုလေးက အရမ်းကို ချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ ဒီနှစ်ကတော့ အာဘွိုင်းတို့ဇနီးမောင်နှံနဲ့အတူ သမီးလေး Scarlett ရဲ့ပထမဆုံးဘုရားကျောင်းတက်တဲ့နှစ်လည်းဖြစ်ကြောင်း အာဘွိုင်းက သူတို့ရဲ့ FB Page လေးမှာလည်း ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

Photo Credit- Yeminlay Photography
Photo Credit- Yeminlay Photography
Photo Credit- Yeminlay Photography
Photo Credit- Yeminlay Photography

မနေ့က '' Chinese New Year Eve'' ပွဲလေးမှာ အာဘွိုင်းတို့မိသားစုလေးက လှိုင်မြို့နယ်မှာရှိတဲ့ ''Ming Xing Buddhist Temple '' ကျောင်းလေးကို သွားရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ အာဘွိုင်းက သူ့ရဲ့ယောက္ခမဖြစ်သူကို '' The Sun Bird's Nest '' လေးနဲ့လည်း ကန်တော့ခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တရုတ်နှစ်ကူးမှာ ပျော်ရွှင်နေတဲ့ အာဘွိုင်းတို့မိသားစုရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Our Travel Diaries FB Page

Photo Credit- Yeminlay Photography 

Photo Credit- Yeminlay Photography
Photo Credit- Yeminlay Photography
Photo Credit- Yeminlay Photography
Photo Credit- Yeminlay Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။