အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့် ပြိုင်ပွဲအတွက် ပြင်ဆင်နေသော မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ယနေ့ (စက်တင်ဘာ ၂၅ရက်) ကမန္တလာသီရိကွင်းတွင် ထိုင်းလက်‌ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂-၁ ဂိုးဖြင့် ရူံးနိမ့်ခဲ့ပါတယ်။ခြေစမ်းပွဲဖြစ်တာနှင့်အညီ နှစ်သင်းစလုံး ကစားသမားများကို စမ်းသပ်အသုံးပြုခဲ့ပြီး လူစားလဲမှု အများအပြားပြုလုပ်ခဲ့ကြပါတယ်။

photo credit :MFF's facebook page
photo credit :MFF's facebook page

အိမ်ရှင်မြန်မာအသင်းဟာ ပွဲစဉ်တလျောက် ဖိအားပေးကစားနိုင်ခဲ့သော်လည်း အဆုံးသတ်မသေချာမှုနှင့် ဂိုးကံခေမှုများကြောင့် ဦးဆောင်ဂိုး မသွင်းယူနိုင်ခဲ့ပေ။ ဧည့်သည် ထိုင်းအသင်းဟာတန်ပြန်တိုက်စစ်နှင့် တိုက်စစ်ကစားသမားများ၏ အဆုံးသတ်သေချာမှုများကြောင့် အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်ပါတယ်။

photo credit :MFF's facebook page
photo credit :MFF's facebook page

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင်အမျိုးသမီး အသင်းတို့ဟာ မန္တလေးမြို့၊ မန္တလာသီရိကွင်းတွင် ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ဒုတိယမြောက်ခြေစမ်းပွဲစဉ်ကို လာမည့် စက်တင်ဘာ ၂၈ရက် ညနေ ၄နာရီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါတယ်။ 

source:MFF's facebook page

photo credit :MFF's facebook page
photo credit :MFF's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။