ကိုယ်တိုင်ကြိုးစားအားထုတ်မှုတို့ကြောင့် အနုပညာလောကတွင် နေရာတစ်နေရာ ရရှိလာသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ အမြဲတမ်း ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်ပျော်ရွှငိရွှင်နေတတ်တာကြောင့်လည်း အားလုံးက ချစ်မဝဖြစ်နေရတာပါ။ ချီချီဟာ သရုပ်ဆောင် အလုပ်သာမကဘဲ မိန်းကလေးတွေအတွက် အလှအပရေးရာအတွက်လည်း အမြဲတမ်းလမ်းညွှန်ပေးတတ်သူ တစ်ဦးပါ။

Photo Credit- Nay Chi Oo Facebook Account
Photo Credit- Nay Chi Oo Facebook Account
Photo Credit- Nay Chi Oo Facebook Account

မနေ့ကတော့ သူမရဲ့(၂၈) နှစ်မြောက် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ချီချီဟာ သူမရဲ့မွေးနေ့လေးကို အဖိုး၊အဖွားတွေရှိတဲ့ ရွာလေးမှာ အလှူအကြီးကြီးတွေ ပြုလုပ်ကာ ဖြတ်သန်းကုန်ဆုံးခဲ့တာပါ။ သူမရဲ့ မွေးနေ့လှုပ်ရှားမှုတွေကို လည်း Instagram Stories မှာ ပရိသတ်တွေကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Naychioo-official’s Instagram Stories
Photo Credit- Naychioo-official’s Instagram Stories
Photo Credit- Naychioo-official’s Instagram Stories

အခုမှာလည်း ပရိသတ်တွေ ကြည့်လိုက်တာနဲ့ ကြည်နူးပီတိဖြစ်စေမယ့် ဗီဒီယိုလေးတစ်ခုကို တင်ထားတာပါ။ ဒါကတော့ မွေးနေ့လေးမှာ ချစ်မေမေရဲ့ခြေဖျားလေးကိုနဖူးလေးနဲ့ထိကာရိုသေစွာရှိခိုးကန်တော့နေတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ချီချီရဲ့ မိခင်ဖြစ်သူ အန်တီဆွေကလည်း " တစ်ခါတစ်လေဝမ်းသာရမလိုဘဲ ကြီးကြီးအပြစ်လုပ်ရင် အလှူအကြီးကြီး လာလာလုပ်တယ် " ဆိုပြီး သမီးဖြစ်သူကို စနောက်ထားပါသေးတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Naychioo-official’s Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။