ရုပ်ရှင်လောကကြီးကို တစ်ဖန်ပြန်လည်တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခဲ့ကြသူတွေကတော့ ခီမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့ရိုက်ကူးတဲ့ ဇာတ်ကားများကိုလည်း စေတနာပါပါရိုက်ကူးထုတ်လုပ်ခဲ့တာကြောင့်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးဝန်းရံခြင်းကို ရရှိခဲ့တာပါ။ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ဖြူစင်တဲ့စိတ်သဘောထားတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတာပါ။

Photo Credit- Zenn Kyi’s Facebook Account
Photo Credit- Zenn Kyi’s Facebook Account
Photo Credit- Zenn Kyi’s Facebook Account
Photo Credit- Zenn Kyi’s Facebook Account

သူတို့ရိုက်ကူးထားတဲ့ “ Now and Ever ( ထာဝရနှောင်ကြိုး ) ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ယနေ့ထက်ထိ စင်ကာပူနိုင်ငံတွင် ဆက်လက်ပြသနေရဆဲပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အောင်မြင်မှုတွေဟာလည်း အနုပညာရှင်အချင်းချင်းတောင် အားကျနေတာပါ။ အခုမှာလည်း သူတို့ဇနီးမောင်နှံရဲ့ တရုတ်နှစ်သစ်ကူး ဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာများတွင် ဝေမျှထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit- Zenn Kyi’s Facebook Account
Photo Credit- Zenn Kyi’s Facebook Account
Photo Credit- Zenn Kyi’s Facebook Account
Photo Credit- Zenn Kyi’s Facebook Account

" Celebrating Chinese New Year’s Eve!!

ယနေ့ပြုလုပ်တဲ့ကောင်းမှုအစုစုမှရတဲ့ကုသိုလ်အားလုံးကို အမျှပေးဝေပါတယ်။ အားလုံးကျန်းမာချမ်းသာပြီး ဆန္ဒအဝဝပြည့်ဝကြပါစေ။ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် တရုတ်နှစ်သစ်ကူးပွဲတော်ကိုချစ်ရတဲ့သူတွေနဲ့ပျော်ရွှင်စွာဖြတ်သန်းနေပြီး အန်ပေါင်းတွေပေးနေတဲ့ခီမောင်နှံရဲ့ Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Credit- Zenn Kyi’s and Christina Kyi’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။