ပရိသတ်ကြီးရေ အနုပညာလမ်းပေါ်မှာ တစ်လက်လက်တောက်ပနေတဲ့ကြယ်ပွင့်လေးကတော့ ပရိသတ်တွေချစ်ကြတဲ့ ခေးလေးလို့ခေါ်ကြတဲ့ ယွန်းဝတီလွင်မိုးပဲဖြစ်ပါတယ်။ သူမဟာ ခင်ပွန်းသည်နဲ့အတူ သြစတေးလျမှာကျောင်းသွားတက်နေတာပဲ ဖြစ်ပြီး ကျောင်းပိတ်ထားတဲ့အတွက် သားလေးကိုတွေ့ဆုံရန် မြန်မာနိုင်ငံကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ခေးလေးဟာ ခင်ပွန်းသည်နဲ့သားလေး Liam လေးနဲ့အတူသာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit -Yunwaddy’s Instagram
Photo Credit -Yunwaddy’s Instagram
Photo Credit -Yunwaddy’s Instagram

သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူရန်အတွက် မကြာခင်မှာ သြစတေးလျနိုင်ငံကို ပြန်လည်သွားရောက်ရတော့မှာပဲ ဖြစ်ပါတယ်။ ခေးလေးကတော့ မပြန်ခင်လေးမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သားလေးနဲ့အတူ ကြော်ငြာရိုက်ကူးမှုတွေလည်း ပြုလုပ်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

Photo Credit -Yunwaddy’s Instagram
Photo Credit -Yunwaddy’s Instagram
Photo Credit -Yunwaddy’s Instagram

အခုမှာလည်း သူမရဲ့Instagram လူမှုကွန်ယက်တွင် ပုံလေးတစ်ပုံတင်ထားတာပါ။ ဒါကတော့ အိမ်ထောင်သက်တမ်း ၃နှစ်၃လပြည့်နေ့လေးကို ချစ်ခင်ပွန်းနဲ့အတူ ရိုမက်တစ်ဆန်စွာဖြတ်သန်းနေတဲ့ ယွန်းဝတီလွင်မိုးရဲ့ပုံရိပ်လေးပါ။ ပရိသတ်တွေအတွက် ကြည်နူးစရာကောင်းတဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit -Yunwaddy’s Instagram 

Photo Credit -Yunwaddy’s Instagram
Photo Credit -Yunwaddy’s Instagram
Photo Credit -Yunwaddy’s Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။