မင်းသမီးချောလေး ရွှေမှုံရတီကတော့ အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ ပရိသတ်အချစ်တော်လေး ဖြစ်ပါတယ်။ ရွှေမှုံရတီက အနုပညာပျိုးခင်းရဲ့စင်တင်မင်းသမီးအဖြစ် ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်း အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ရွှေမှုံရတီက ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit- Li John Ljl
Photo Credit- Li John Ljl
Photo Credit- Li John Ljl

ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများရိုက်ကူးနေတဲ့ ရွှေမှုံရတီက ''ကမ်း'' ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ရွှေထူးနဲ့အတူ တွဲဖက်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ အခုလည်း ရွှေမှုံရတီက ဇွဲထက် စိန်ရွှေရတနာဆိုင်ရဲ့ ဆိုင်သစ်ဖွင့်ပွဲလေးကို ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ ရွှေမှုံရတီက မင်းသမီး ဖွေးဖွေး၊ မင်းသမီးခင်ဝင့်ဝါတို့အနုပညာညီအစ်မတွေနဲ့အတူ ပွဲတက်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit- Li John Ljl
Photo Credit- Li John Ljl
Photo Credit- Li John Ljl
Photo Credit- Li John Ljl

အနီရောင်မြန်မာဝတ်စုံလေးကို ဆင်မြန်းထားတဲ့ ရွှေမှုံရတီကတော့ တကယ့်ကိုရဲရဲတောက် လှသွေးကြွယ်နေတာလည်း ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုတိုးလို့လှလာတဲ့ ရွှေမှုံရတီက အခုလည်း ပျိုမျစ်နုနယ်ပြီး လှပနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေမှုံရတီရဲ့ပွဲတက်အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Shwe Hmone Yati's FB Acc

Photo Credit- Li John Ljl

Photo Credit- Li John Ljl
Photo Credit- Li John Ljl
Photo Credit- Li John Ljl
Photo Credit- Li John Ljl

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။