အမိုက်စားဖက်ရှင်လေးတွေကို လိုက်ဖက်အောင် ဝတ်ဆင်တတ်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာပဲ ဖြစ်ပါတယ်။ သူမရဲ့ ညှို့မျက်ဝန်းလေးတွေကြောင့်လည်း ပုရိသတွေရဲ့ တစ်ခဲနက် ချစ်ခင်အားပေးခြင်းကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ရှာရှာဟာ ဆယ်စုနှစ်တိုင်အောင် အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ မင်းသမီးလေးတစ်လက် ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။  

Photo Credit - Mie Mie Lay
Photo Credit - Mie Mie Lay
Photo Credit - Mie Mie Lay
Photo Credit - Mie Mie Lay

လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချစ်ရဆုံး ချစ်သူလေးနဲ့လည်း ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးကို ရရှိပိုင်ဆိုင်ထားတာပါ။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အမိုက်စား ပုံရိပ်လေးတွေ ဝေမျှလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။

Photo Credit - Mie Mie Lay
Photo Credit - Mie Mie Lay
Photo Credit - Mie Mie Lay
Photo Credit - Mie Mie Lay
Photo Credit - Mie Mie Lay

ဒါကတော့ ပုရိသတွေကို စူးရှတောက်ပတဲ့ အကြည့်တွေနဲ့ ညှို့ယူဖမ်းစားထားတယ့် ပက်ထရစ်ရှာရဲ့ အမိုက်စား ပုံရိပ်လေးတွေပါ။ ရှာရှာဟာ တရုတ်နှစ်သစ်ကူးအတွက် ဒီပုံရိပ်လေးတွေကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ရှာရှာတစ်ယောက် အနက်ရောင် ဂါဝန်လေးနဲ့ ဆွဲဆောင်မှုရှိရှိ လှပလွန်းနေတာပါ။ ပရိသတ်တွေအတွက် ရှာရှာရဲ့ ပုံရိပ်လေးနဲ့ဗီဒီယိုကို  တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - Patricia( Sue Sha Naing) 's Facebook Page

Photo Credit - Mie Mie Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။