စန္ဒီမြင့်လွင်ကတော့ အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားခဲ့သူလေးပဲ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ သူမကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းတဲ့ နေရာလေးမှာ ချစ်ခင်ပွန်းနဲ့အတူ ကြည်နူးနေပါတယ်။

photo credit : Sandy Myint Lwin 's facebook account
photo credit : Sandy Myint Lwin 's facebook account

သူမကတော့ " မြို့ပြထဲက တောအုပ်လေးရန်ကုန်မှာ ကားရှုပ်ရှုပ် လူရှုပ်ရှုပ် ဆိုတော့ဒီတစ်ခေါက် ပိတ်ရက်မွာ ဘယ်သွားရင် ကောင်းမလဲဆိုတာ တော်တော်လေးခေါင်းပူအာင်စဉ်းစားလိုက်ရတယ်။ခရီးသွားဖို့ကျလည်း အနည်းဆုံး နှစ်ရက်၊ သုံးရက် အချိန်လည်းပေးရမှာဆိုတော့ အဆင်မပြေပြန်ဘူး။ အဲဒီအချိန်မှာ ရိုးမ မာရသွန်က စီစဉ်သူတွေက ဒီဒီတို့က သူတို့ ဟိုတယ် Awei Metta မှာ Staycation လုပ်ဖို့ လာဖိတ်တော့ ကွက်စတိတွေ ဖြစ်သွားပါရော။ပန်းလှိုင် အိမ်ရာထဲက Awei Metta Resort က ဂေါက်ကွင်းနားမှာ ရှိတော့ ဒီဒီတို့တောအုပ်လေးထဲ ရောက်သွားသလိုပဲ ရေကန်လေးရော၊ ဘယ်ပဲ ကြည့်ကြည့် စိမ်းစို သာယာနေတော့ ရန်ကုန်လို့တောင် မထင်မိတော့ဘူး "ဆိုပြီး ရေးသားထားပါတယ်။

photo credit : Sandy Myint Lwin 's facebook account
photo credit : Sandy Myint Lwin 's facebook account
photo credit : Sandy Myint Lwin 's facebook account

သူမကတော့ " သစ်ပင်လေးတွေဆို အုပ်ဆိုင်းနေတာပဲ။ ရှုလိုက်တဲ့လေက အစ ကွာခြားလိုက်တာ။ သန့်ရှင်း လတ်ဆတ်နေတာ။နေရာရှားတဲ့ ရန်ကုန်မှာ ဟိုတယ်က အခန်းတွေကလည်း ကျယ်ကျယ်ဝန်းဝန်းရှိလို့ အင်မတန် စိတ်ချမ်းသာရသလို အပန်းလည်း ပြေရပါတယ်။ စုံတွဲတွေ အတွက်လည်း ရိုလို့ရသလို၊ မိသားစုလိုက်အတွက် အဆင်ပြေတယ်။ ဂေါက်ရိုက်တတ်တဲ့သူတွေဆိုရင် ပိုပြီး ပျော်စရာကောင်းမယ်ထင်ပါရဲ့။အခုလို ဖိတ်ပေးလို့လည်း ကျေးဇူးပါ Awei Metta ။ Treasure တစ်တုတ်လေးကို ခေါ်ပြီး နောက်တခေါက် ပြန်လာခဲ့ပါဦးမယ်။ See You Again. " ဆိုပြီး ရေးသားထားပါတယ်။

source: Sandy Myint Lwin 's facebook account 

photo credit : Sandy Myint Lwin 's facebook account
photo credit : Sandy Myint Lwin 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။