မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ လူသိများအောင်မြင်ခဲ့ပြီး ကြော်ငြာနဲ့ သီချင်းဗီဒီယိုတွေလည်း အများဆုံးရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ စကားပြောဟန်လေးတွေနဲ့အတူ သရုပ်ဆောင်လည်းကောင်းတဲ့ သဉ္ဇာနွယ်ဝင်းက ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။ အခုဆိုရင် သဉ္ဇာနွယ်ဝင်းက သားလေးနဲ့သမီးလေးကိုပိုင်ဆိုင်ထားရပြီး ကလေးနှစ်ယောက်မိခင်ဖြစ်နေပြီ ဖြစ်ပါတယ်။

Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc

သဉ္ဇာနွယ်ဝင်းရဲ့သား နဲ့ သမီးလေးကလည်း တကယ့်ကိုအမေတူအချောလေးတွေဖြစ်ကြပြီး အသည်းယားစရာကောင်းတာကြောင့် မြင်သူတိုင်းကချစ်နေရတာ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးမှာတော့ သားနဲ့သမီးက ဆည်းလည်းလေးတွေဖြစ်ကြပါတယ်။ အခုလည်း သဉ္ဇာနွယ်ဝင်းရဲ့ခင်ပွန်းက အတူတူဖက်အိပ်နေတဲ့ Peach လေးတို့မောင်နှမရဲ့ချစ်စရာပုံလေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Steven Hla's FB Acc

သားအကြီးလေးဖြစ်တဲ့ Peach လေးကတော့ သူ့ရဲ့ညီမလေးကိုရင်ခွင်ထဲမှာထည့်ပြီး ဖက်အိပ်နေတာလေးကလည်း တကယ့်ကိုကြည်နူးဖို့ကောင်းတာ ဖြစ်ပါတယ်။ ဒါ့အပြင် Peach လေးက အိပ်ပျော်နေတဲ့ညီမလေးကိုကြည့်ပြီး သဘောကျကျေနပ်ကာ ပီတိဖြစ်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်ဖို့ကောင်းတဲ့ သဉ္ဇာနွယ်ဝင်းရဲ့သားနဲ့ သမီးရဲ့ အပြစ်ကင်းစင်တဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Steven Hla's FB Acc  

Photo Credit-Steven Hla's FB Acc
Photo Credit-Steven Hla's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။