မင်းသမီးချောလေးနေခြည်ဦးကတော့ (၂၈) နှစ်မွေးနေ့လေးကို ကျရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ သူမကတော့ တစ်နှစ်လုံးကြိုးကြိုးစားစားနဲ့ စုဆောင်းခဲ့ပြီး (၂၈) နှစ်မွေးနေ့လေးမှာ စုစုပေါင်း အလှူငွေသိန်း (၆၀၀)ကို လှူဒါန်းခဲ့ပါတယ်။ သူမကတော့ " အခမ်းနားဆုံးမွေးနေ့ပွဲ မဟုတ်ခဲ့ပေမယ့််အကြီးကျယ်ဆုံး အမွန်မြတ်ဆုံး ပီတိအဖြစ်ရဆုံး(၂၈) နှစ်မွေးနေ့ပွဲ ဖြစ်ခဲ့အတွက် ပြောမပြတတ်လောက်အောင် ကြည်နူးရပါတယ် " ဆိုပြီးပြောထားပါတယ်။

photo credit :( amazing grace) Nay Chi Oo 's facebook account
photo credit :( amazing grace) Nay Chi Oo 's facebook account
photo credit :( amazing grace) Nay Chi Oo 's facebook account

သူမကတော့ " နေခြည်ကြီးပြင်းခဲ့တဲ့ မွန်ပြည်နယ်၊ မရမ်းကုန်းကျေးရွာ အုပ်စု၊ ငါးဘတ်ချောင်းရွာ အထက်တန်းကျောင်းအတွက်တစ်ကျာင်းလုံးစာ ရေသန့်စက် အလှူငွေ (၁၅) သိန်းကျောင်းတွင်း ကျောင်းဆောင်သစ် ဆောက်တည်ရန် မတည်ငွေ သိန်း (၁၁၀)ကျောင်းသားကျောင်းသူ အယောက် (၉၁၀) နှင့် ဆရာဆရာမများအတွက် စာရေးကိရိယာ ထီး ခဲတံ စာအုပ်၊ရွာလုံးကျွတ် မုန်းဟင်းခါးနှင့်နေလည်စာ အကျွေးအမွေး၊ကလေးအယောက် (၄၀၀) ကျော်အတွက် စက်ဘီး ရွှေလက်စွပ် ပန်ကာ ပေါင်းအိုး ကံစမ်းမဲ ၊ကျိုက်ထိုမြို့ အောင်ရတနာကျောင်းတိုက် ဗောဓိကိုးထောင် ဆရာတော်ဘုရားကြီးအတွက် နဝ္မကမ္ဗ အလှူငွေ (၁၀) သိန်း " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit :( amazing grace) Nay Chi Oo 's facebook account
photo credit :( amazing grace) Nay Chi Oo 's facebook account
photo credit :( amazing grace) Nay Chi Oo 's facebook account

သူမကတော့ " အောင်ရတနာ ကျောင်းတိုက်အတွင်း ဆရာတော်ကြီး၏ ခွင့်ပြုချက်နှင့် နေခြည် လှူဒါန်းခွင့်ရသော နဂါးရုံဘုရားနှင့် ကန်ကြီး မွမ်းမံပြင်ဆင်မှုအတွက် မတည်ငွေ သိန်း (၃၀၀)မာတာမိခင် အန်တီဆွေ လိုအပ်တာ ဖြည့်ဆည်ပေးဖို့သိန်း (၅၀)စုစုပေါင်း အလှူငွေ သိန်း (၆၀၀) ကျပ်ကို နေခြည်တစ်နှစ်လုံး စုဆောင်းခဲ့တဲ့ ချွေးနဲစာလေးနဲ့ လှူဒါန်းခွင့်ရခဲ့ပါတယ်။ အဘက်ဘက်မှ လိုအပ်သမျှကို ပံ့ပိုးကူညီခဲ့သော ဆွေမျ်ုး သူငယ်ချင်း မိတ်ဆွေ အပေါင်းကို ကျေးဇူးတင်ရင်း နေခြည့်ရဲ့ (၂၈)နှစ်ပြည့် အလှူ moment လေးတွေ ကုသိုလ်ဝေမျှ အမျှရကြရန် အလို့ဌာ ပြန်လည်ဝေမျှပေးလိုက်ပါတယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: Nay Chi Oo 's facebook account  

photo credit :( amazing grace) Nay Chi Oo 's facebook account
photo credit :( amazing grace) Nay Chi Oo 's facebook account
photo credit :( amazing grace) Nay Chi Oo 's facebook account
photo credit :( amazing grace) Nay Chi Oo 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။