ပရိသတ်တွေသာမကဘဲ အနုပညာရှင်များကပါ ဝိုင်းချစ်နေရတာကတော့ ယွန်းဝတီလွင်မိုးရဲ့ သားလေး လွင်ထက်(ခ) Liam လေးပဲ ဖြစ်ပါတယ်။ သားလေးဟာ အသက်ငယ်ငယ်လေးနဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အားလုံးကလည်း သူ့ရဲ့ လှုပ်ရှားမှု ဗီဒီယိုလေးတွေကို တစ်ရက်မကြည့်ရမနေနိုင်အောင်ကို အသည်းယားစရာ ကောင်းလွန်းသူလေးပါ။  

Photo Credit - May Thu Lay's Instagram Stories
Photo Credit - May Thu Lay's Instagram Stories
Photo Credit - Lwin Moe's Facebook Account

လီလီလုံးလေးဟာ အသက်တစ်နှစ်ကျော်သာ ရှိသေးပင်မယ့်လည်း မေမေနဲ့အတူ ကြော်ငြာလေးတွေပါ ရိုက်ကူးနေရပါပြီ။ အခုဆိုရင် လမ်းလျှောက်တတ်ရုံသာမကဘဲ ဖိုးဖိုး၊ဖွားဖွား၊ မေမေလို့တောင် ခေါ်တတ်နေပြီပဲ ဖြစ်ပါတယ်။ အဖိုးဖြစ်သူ ဦးလွင်မိုးကလည်း သူ့ရဲ့ အချိန်တိုင်းကိုလည်း မြေးလေးနဲ့အတူ ဖြတ်သန်းကုန်ဆုံး နေတာပဲ ဖြစ်ပါတယ်။ 

Photo Credit - Lwin Moe's Facebook Account
Photo Credit - May Thu Lay's Instagram Stories
Photo Credit - May Thu Lay's Instagram Stories

အခုမှာလည်း ဖွားဖွားမေသူရဲ့ Instagram Stories မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဖိုးဖိုးရဲ့ ပုခုံးပေါ်တက်ကာ ပျော်ပျော်ပါးပါးဆော့ကစားနေတဲ့ လီလီလုံးလေးရဲ့ ဗီဒီယိုလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။ လီလီလုံးလေးဟာ ဖိုးဖိုးနဲ့ ဆော့ကစားရတဲ့ အတွက် အရမ်းကို ပျော်ရွှင်နေတာပါ။ ပရိသတ်တွေအတွက် လီလီလုံးလေးတို့ မြေးအဖိုးနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - May Thu Lay's Instagram Stories and Lwin Moe's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။