ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အချိန်အတိုဆုံး စစ်ပွဲတွေထဲကမှ တစ်ခုဖြစ်တဲ့အစ္စရေး အာရပ် (၆) ရက်ကြာစစ်ပွဲ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အစ္စရေးတို့က ဆီးရီးယားနိုင်ငံကို ခြိမ်းခြောက်မှုပြုခဲ့သဖြင့် ဆီးရီးယားရဲ့ မဟာမိတ်နိုင်ငံ အီဂျစ်တို့က ဆိုင်းနိုင်းကျွန်းဆွယ် နယ်စပ်တွင် တင့်ကားစီးရေ တစ်ထောင်နှင့် စစ်သည် အင်အား တစ်သိန်းတို့ကို စေလွှတ်ခဲ့ရာမှ ခြောက်ရပ်ကြာ စစ်ပွဲစတင်ခဲ့ရတာ ဖြစ်ပါတယ်။

photo credit pngtree

အီဂျစ် တို့က တီရန် ရေလက်ကြားကိုလည်း ပိတ်ဆို့လိုက်ကာ အစ္စရေး သင်္ဘောများအားလုံးကို ဖြတ်သန်းခွင့်မပေးတော့ဘဲ အာရပ် နိုင်ငံ များအားလုံး အစ္စရေးကို တိုက်ခိုက်ရန် စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် အစ္စရေးတို့က အီဂျစ်လေတပ်အား တိုက်ခိုက်ခဲ့ပါတယ်။ ဂျော်ဒန်နိုင်ငံကလည်း ဂျေရုဆလမ် အနောက်ပိုင်းနှင့် နေတန်ယာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲက (၆) ရက်မျှသာ ကြာမြင့်ခဲ့ပြီး အစ္စရေးတို့ အနိုင်ရရှိခဲ့ကာ ဂျေရု ဆလမ် အရှေ့ပိုင်း၊ ဂါဇာ ကမ်းမြှောင်၊ ၊ဆိုင်းနိုင်းကျွန်းဆွယ်နှင့် ဂိုလန်ကုန်းမြင့်တို့ကို သိမ်းပိုက်ခဲ့ကြပါတယ်။

photo credit pngtree

သိမ်းပိုက်လိုက်သော နယ်မြေများကြောင့် အစ္စရေး နိုင်ငံ အကျယ်အဝန်းဟာ မူလထက် ကြီးမားလာခဲ့သဖြင့် အာရပ် လူမျိုး တစ်သန်းဝန်းကျင်ခန့်ဟာ အစ္စရေးတို့ရဲ့ ထိန်းချုပ်မှုအောက်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ပါတယ်။ အစ္စရေးတို့ရဲ့ ဗျူဟာ နယ်မြေဟာ တောင်သို့ ကီလိုမီတာ(၃၀၀)၊အရှေ့သို့ ကီလို မီတာ(၆၀)၊ မြောက်သို့ ကီလိုမီတာ(၂၀) ကြီးမားလာခဲ့ပါတယ်။ နောက်ခြောက်နှစ်အကြာ ၁၉၇၃ ခုနှစ်တွင် အာရပ်တို့နှင့် ထပ်မံစစ် ဖြစ်ပွားခဲ့သောအခါမှာ အစ္စရေးတို့အတွက် ထိုနယ်မြေများအားလုံးဟာ ဒေသလုံခြုံရေးဆိုင်ရာ အဖိုးတန်လှတဲ့ ပိုင်ဆိုင်မှုများဖြစ်နေပါတော့တယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။