သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ သူ့ရဲ့တောင့်တင်းလွန်းလှတဲ့ ဘော်ဒီအလှတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံအားပေးမှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်။ အမြဲလိုလို ဖက်ရှင်ကျတဲ့ ပုံစံနဲ့ စမတ်ကျကျ ဝတ်ဆင်တတ်မှုတို့ကြောင့်လည်း မိန်းကလေးပရိသတ်များက ကြွေနေရတာပါ။ သူဟာ လက်ရှိမှာတော့ နယူးယောက်မှာ နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံကိုလည်း မကြာခဏ ပြန်လာလေ့ရှိသူပါ။

Photo Credit - Okkar Min Maung's Facebook Page
Photo Credit - Okkar Min Maung's Facebook Page
Photo Credit - Okkar Min Maung's Facebook Page

သူ့ရဲ့ ချစ်သူလေးနဲ့လည်း ကြည်နူးစရာ ကောင်းတဲ့ အချစ်ခရီးလမ်းကို အတူတကွ လျှောက်လှမ်းနေတာလည်း ဖြစ်ပါတယ်။ သူဟာ ဝေဖန်မှုတွေများစွာကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကာ ရှေ့ဆက်ရမယ့် ခရီးလမ်းကို ပျော်ရွှင်စွာ လျှောက်လှမ်းနေတာပါ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်မှတစ်ဆင့် ပရိသတ်တွေကို အမြဲဝေမျှလေ့ရှိသူပါ။

Photo Credit - Okkar Min Maung's Facebook Page
Photo Credit - Okkar Min Maung's Facebook Page
Photo Credit - Okkar Min Maung's Facebook Page

အခုမှာလည်း သူ့ရဲ့ Facebook Myday လေးမှာ ပုံလေးတစ်ပုံတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူရဲ့ မွေးနေ့လေးမှာ ပါးလေးကိုနမ်းကာ ရိုပြလိုက်တဲ့ ဥက္ကာမင်းမောင်ရဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ကတော့ " Happy Birthday Baby " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Okkar Min Maung's Facebook Myday 

Photo Credit - Okkar Min Maung's Facebook Myday
Photo Credit - Okkar Min Maung's Facebook Page
Photo Credit - Okkar Min Maung's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။