ဒီနေ့မေလ(၂၀)ရက်နေ့နဲ့ ပတ်သက်ပြီး (၁၉၆၅)ခုနှစ်က ကပ်ဆိုးကြီးတစ်ခု ကျရောက်ခဲ့ဖူးပါတယ်။

အခုဆိုရင် နှစ်ပေါင်းမနည်းတော့ပေမယ့် ကာယံကံရှင်တွေရဲ့ ဆွေမျိုးသားချင်းတွေအတွက်တော့ ဘယ်တော့မှမမေ့နိုင်တဲ့ ဝမ်းနည်းဖွယ်ရာနေ့ပါပဲ။

(၁၉၆၅)ခုနှစ်က ပါကစ္စတန်နိုင်ငံမှ လေယာဉ် ဘိုအင်း(707) ဟာ အီဂျစ်နိုင်ငံ ကိုင်ရိုလေဆိပ် ကို အဆင်းမှာ ပျက်ကျခဲ့တာကြောင့် လူပေါင်း(၁၂၄)နည်းဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အဆိုပါလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး ပိုင်းလော့တွေကတော့ လေဆိပ်က အခြေအနေတွေနဲ့ သက်ဆိုင်တယ်လို့ စောဒကတက်ခဲ့ကြပါတယ်။

နိုင်ငံတကာ လေယာဉ်မှုးများဆိုင်ရာ အဖွဲ့အစည်းကတော့ သူတို့ရဲ့ လေယာဉ်မှုးတွေရဲ့ အမှားကြောင့်မဟုတ်ပဲ လေဆိပ်က မီးအလင်းရောင်မှိန်ခြင်း နဲ့ လေယာဉ်ပြေးလမ်းအခြေအနေ အားနည်းချက်တွေကြောင့် ဖြစ်တယ်လို့ ငြင်းဆိုခဲ့ပါတယ်။

ဒါ့ပြင် လေယာဉ်မှုးတွေရဲ့ အရေးပေါ်အခြေအနေအပေါ် ပြင်ဆင်လေ့ကျင့်မှုတွေအားနည်းတာကြောင့် မဟုတ်ပဲ လေယာဉ်ဆင်းသက်ချိန် ပြေးလမ်းပေါ်မှာ ဆင်ခြေလျှောတွေရှိတာရယ်ကြောင့် လို့ ဆိုပါတယ်။

အဆိုပါလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး လေဆိပ်က အာဏာပိုင်တွေကတော့ လေယာဉ်မှုးတွေကို လိုအပ်တဲ့ ပစ္စည်းကိရိယာအစုံအလင်ပေးနိုင်ဖို့ရယ် လေဆိပ်က လုံခြုံရေးပိုင်ဆိုင်ရာတွေမှာပါ မြှင့်တင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ဆိုးဟာ နစ်နာသူတွေအတွက်တော့ တကယ်ကိုထိတ်လန့်တုန်လှုပ်ဖို့ကောင်းတဲ့ဖြစ်ရပ်ကြီးပါပဲ။

သတင်းအရင်းမြစ် Todayinhistory

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။