ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Hemorrhagic stroke" (ဦးနှောက်သွေးကြော ပျက်စီးခြင်း) အကြောင်းကို ကျန်းမာရေး ဗဟုသုတ အနေနဲ့ မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ဦးနှောက်သွေးကြော ပိတ်ပိတ်ခြင်း ဦးနှောက်သွေးကြော ပျက်ထွက်သွားတဲ့ လူဦးရေကတော့ 10 to 15 ရာခိုင်နှုန်းသာ ရှိပါတယ်။ "Hemorrhagic stroke" ဟာ ပုံမှန်အားဖြင့်တော့ ကြိုတင်ပြီး ဘာခံစားမှု လက္ခဏာမှ မပြတတ်ပါဘူးနော်။ Hemrrorrhagic stroke ခံစားရပြီ ဆိုတာနဲ့ အလွန်အမင်းခေါင်းကိုက်လာပြီး မျက်နှာတစ်ခြမ်း သို့မဟုတ် ကိုယ်ခန္ဓာ တစ်ခြမ်းရဲ့ ခံစားမှု အသိတွေ မဲ့လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ပရိသတ်ကြီးအနေနဲ့ "Hemorrhagic stroke" မဖြစ်ရအောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။

photo credit pngtree

နောက်ထပ် ဖြစ်နိုင်ခြေ ရောဂါ လက္ခဏာများကို ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ဟန်ချက် မထိမ်းနိုင်တာတို့၊ လမ်းလျောက်ဖို့ ခက်ခဲလာတာတို့၊ စကားပြောမှားပြီး တစ်ခြားသူနားမလည်နိုင်အောင် ဗလုံးပထွေး ပြောတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အမြင် အာရုံကြော ထိခိုက်တာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုရင် ဦးနှောက်ထဲမှာရှိတဲ့ ပုံမှန် သွေးလည်ပါတ်မှုကို ပိတ်ဆို့ဖြတ်တောက် လိုက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့လိုဖြတ်တောက်လိုက်တာကြောင့် သွေးမရှိတော့တဲ့ ဦးနှောက် အစိတ်အပိုင်း cells တစ်ချို့ သေဆုံးသွားခြင်းကြောင့် ဖြစ်ပါတယ်။

Source သံ ဇဉ် မိုးဇတ်

photo credit pngtree

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။