သူတို့ဇနီးမောင်နှံကတော့ ထင်မထားလောက်အောင်ပဲ အခုဆိုရင် နောက်ထပ် သမီးငယ်လေး တစ်ဦးကိုတောင် အောင်မြင်စွာမွေးဖွားလိုက်ပြန်ပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံ၏ အထူးခြားဆုံး ဇနီးမောင်နှံအဖြစ် သတ်မှတ်ရမည့် ကိုစောတင်ထွန်း (အရပ် ၅ ပေ ၄ လက်မ) နှင့် မသန္တာ စိုး (အရပ် ၂ ပေ ၄ လက်မ) တို့သည် ဒုတိယမြောက်သမီးကလေး မွေးဖွားခဲ့ပြီး လက်ရှိအချိန်တွင် အကူအညီများ လိုအ ပ်နေကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် နေထိုင်သည့် ကိုစောတင်ထွန်းနှင့် မသန္တာစိုးတို့ သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၁ တွင် မင်္ဂလာဆောင်ခဲ့ကြပြီး ၂၀၁၃ ခုနှစ်တွင် သမီးကြီးဖြစ်သည့် မရွှေယမင်းဦးနှင့် ၂၀၁၇ ခုနှစ် ဧပြီလတွင် ဒုတိယမြောက် သမီးကလေးကို မွေးဖွားခဲ့ကြခြင်း ဖြစ်သည်။

”အိမ်ထောင်သက် ၅ နှစ်ခွဲအတွင်းမှာ ရန်ဖြစ်တာမျိုးမရှိဘူး။ စကားတော့ တခါတလေများတာပေါ့။ အိမ်ထောင်ကျတော့ ကျွန်မက ၁၈ နှစ်၊ သူက ၂၈ နှစ်။ သူကလည်း ဒီရွာသားပဲ။ အိမ်နီးနားချင်းတွေလေ။ သူ့ကိုလက်ခံဖို့ တော်တော်စဉ်းစား ခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ကိုယ်က တူမှမတူတာ၊ နောက်တော့ သူကလုပ်ကျွေးမယ်။ တာဝန်ယူမယ်လို့ ပြော တာနဲ့ ယူလိုက်တာ။ ချစ်သူသက်တမ်း ၆ လ ကြာတယ်”ဟု မသန္တာစိုးက ပြောသည်။

ပတ်ဝန်းကျင်အသိုင်းအဝိုင်းက အရပ်အမောင်း ကွာခြားမှုကြောင့် ရေရှည်တွင် အိမ်ထောင်ရေးအဆင် ပြေနိုင်မည်မဟုတ် ဟု ထင်ခဲ့ကြသော်လည်း မေတ္တာတရားကို အခြေခံ၍ အိမ်ထောင်ရေးခိုင်မြဲအောင် တည်ဆောက်ခဲ့သည်ဟု ကိုစောတင် ထွန်းက ပြောသည်။

”အသက်က ကျွန်တော့်ထက် ၁၀ နှစ်ကျော် ငယ်တော့ ကိုယ့်ညီမလေးတယောက်လို သဘောထားပြီး သူ့ကိုစောင့်ရှော က်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ လယ်ယာကိုင်းကျွန်း ကိုယ်ပိုင်မရှိတော့ သူများတွေဆီမှာ နေ့စားလုပ်ပြီး မိသားစုရဲ့ စားဝ တ်နေရေးအခက် အခဲကို ဖြေရှင်းရတာပေါ့။ တနေ့ ၃၀၀၀ ကျပ်ရတဲ့နေ့ ရှိတယ်။ ၅၀၀၀ ရတဲ့နေ့ရှိတယ်။ သမီးနှစ်ယော က်ကို တော့ ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်။

သမီးအကြီးမလေးက သူ့အမေလိုပဲ ဖြစ်မယ်နဲ့တူတယ်။ အခုလမ်းလျှောက်တာကအစ သူ့အမေအတိုင်းပဲ။ ခြေတွေလက်ေ တွလည်း သူ့အမေလိုပဲ။ အငယ်မလေးက နာမည်တောင် မပေးရသေးဘူး။ တလသားပဲရှိသေးတော့ ရှေ့ဘယ်လိုဖြစ်မယ် မပြောတတ်သေးဘူး” ဟု ၎င်းက ပြောသည်။

သမီးအကြီးမလေး မွေးဖွားစဉ်က ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့၏ ကူညီမှုကြောင့် ငွေကြေးကုန်ကျမှုမရှိခဲ့သော်လည်း သမီးအငယ်လေး မွေးဖွားချိန်တွင် ငွေကျ ပ်ငါးသိန်းကျော် ကုန်ကျခဲ့သည်ဟု မသန္တာစိုးက ပြောသည်။

”အကြီးမတုန်းကတော့ ပိုက်ဆံမကုန်ပါဘူး။ အကုန်လုံး ကူညီကြတယ်။ အငယ်မလေးအလှည့်ကျတော့ ကူညီမယ့်သူ မရှိ ခဲ့ပါဘူး။ ကိုယ့်ဘာသာကိုယ် အပြင်ကနေ အတိုးနဲ့ချေးပြီး မွေးခဲ့ရတယ်။ သမီးနှစ် ယောက်စလုံးကို မအူပင်ဆေးရုံမှာပဲ ေ မွးခဲ့တာပါ။

ကိုစောတင်ထွန်းနှင့် မသန္တာစိုးတို့ ဇနီးမောင်နှံသည် ငွေကြေးမပြည့်စုံသော်လည်း မေတ္တာတရားကို အခြေခံတည်ဆောက် ခဲ့သောကြောင့် အနီးအနားရှိ ကျေးရွာအချို့တွင်ပါ လူသိများသည့် စုံတွဲဖြစ်သည်ဟု ကြိမ်ချောင်းကျေးရွာသားများက ပြောကြသည်။

သတင်းအရင်းမြစ် နှင်းမောင်ဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။