မင်းသမီးချောလေး မိုးယုစံကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့အတူ အသားအရေလေးကအစ အပြစ်ဆိုဖွယ်မရှိအောင် လှပသူလေး ဖြစ်ပါတယ်။ တစ်ချိန်က အလှမယ်လေးတစ်ဦးဖြစ်ခဲ့တဲ့ မိုးယုစံက ကလေးတစ်ယောက်ရရှိပြီးတဲ့အချိန်တိုင်အောင် အရွယ်တင်နုပျိုပြီး လှနေဆဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ပုံမှန်လုပ်ကိုင်နေတဲ့ မိုးယုစံက ကြော်ငြာလေးတွေနဲ့ Photo Shooting တွေ လက်ခံရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

မိုးယုစံက အနုပညာအလုပ်တွေတစ်ဖက်နဲ့ ချစ်ရတဲ့သားလေးကို ဂရုတစိုက်ပြုစုစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုစံက အခုတော့ လူစုံတက်စုံနဲ့ နှစ်သစ်မှာခရီးထွက်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ မိုးယုစံက ဗီယက်နမ်နိုင်ငံကို မိသားစုတွေနဲ့အတူ ခရီးထွက်လည်ပတ်ရင်း ချစ်ခင်ပွန်းနဲ့လည်း ကြည်နူးစရာကောင်းတဲ့အမှတ်တရလေးတွေ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖက်ရင်း ယုယကြင်နာနေကြတဲ့ မိုးယုစံတို့စုံတွဲလေးကတော့ တကယ့်ကို အားကျချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ မိုးယုကတော့ "ဘယ်သွားတယ်ထင်လဲ နောက်မှပုံတွေထပ်တင်ပေးမယ်နော်" ဆိုပြီး မိသားစုလိုက်ခရီးသွားနေတဲ့ ပုံလေးတွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးယုစံတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Moe Yu San's FB Acc

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။