ရုပ်ရှင်မင်းသမီးချောလေးအေးသောင်းကတော့ ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းမှာ အခိုင်အမာနေရာယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေရဲ့ အသည်းကျော်လေးဖြစ်ရုံတင်မက မိန်းကလေးတွေရဲ့ အားပေးချစ်ခင်မှုကိုပါရရှိထားတဲ့ သူမကတော့ ချိုသာလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။လတ်တလောမှာလည်း ပွဲအခမ်းအနားတော်တော်များများကို တက်ရောက်နေရတာလည်းဖြစ်ပါတယ်။

Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account

မအေးသောင်းဟာ မကြာသေးမှီကမှ သူမရဲ့ Tik Tokဗီဒီယိုလေးကို ပရိသတ်တွေဆီကို မျှဝေခဲ့တာကြောင့် ပရိသတ်တွေအချစ်ပိုခဲ့ရပြန်ပါတယ်နော်။ သူမပါဝင်တဲ့ ဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ သူမကတော့ ကြွေလောက်စရာကောင်းတဲ့ စာသားလေးတွေနဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလေ့ရှိပါတယ်။ အခုလည်း သူမက ၂၀၂၀နှစ်စမှာ "နှစ်ကူးမို့ မရူးပါရစေနဲ့ "ဆိုတဲ့ စာသားလေးနဲ့ ပရိသတ်တွေကို ချစ်အားပိုစေခဲ့ပါတယ်။

Photo Credit : Aye Thaung Facebook Account

သရုပ်ဆောင်မင်းသမီးချောလေး မအေးသောင်းဟာ တည်ကြည်ရင့်ကျက်တဲ့ အလှအပြင် ချစ်စရာကောင်းတဲ့ Postလေးတွေကိုလည်းလုပ်တက်ပါသေးတယ်။သူမဟာ မိန်းကလေးဆန်ဆန် စွဲမက်ဖွယ်ကောင်းတဲ့ Body အမိုက်စားလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်တာကြောင့် မိန်းကလေးအများစုရဲ့ အားကျခြင်းကို ခံနေရသူလေးလည်းဖြစ်ပါတယ်။သူမရဲ့ကျက်သရေရှိစွာလှပနေတဲ့ အနီရောင်ဝတ်စုံလေးနဲ့အတူ ရင့်ကျက်တဲ့ အပြုံးချိုချိုလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit : Aye Thaung Facebook Account

Source : Aye Thaung Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။