ပရိသတ်ကြီးရေ...... ဒီတစ်ပါတ် တင်ဆက်ပေးမှာကတော့ အမျိုးသားတွေထက် အမျိုးသမီးတွေအတွက် ပိုပြီး အကျိုးရှိ အရေးပါတဲ့ သတင်းလေးလို့ ပြောမယ်ဆို မှားမယ်မထင်ပါဘူးနော်။ နေ့စဉ် မအိပ်ခင်အချိန်လေးမှာပဲ ဖြစ်ဖြစ် အိပ်ခါနီး မိနစ် အနည်းငယ်လောက်အလိုမှာပဲ ဖြစ်ဖြစ် ပုံမှန် အလေ့အကျင့်လုပ်ပေးရုံဖြင့် "weight" ဝိတ်ကျစေမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးသွားမှာပါ။ ပျှမ်းမျှ calories ၃၀၀မှ ၄၀၀ကြားလောက်ကို burned ပေးမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ မိမိအိပ်တဲ့အခန်းကို အေးမျှနေစေဖို့ လိုအပ်ပါတယ်။

photo credit pngtree

မအိပ်ခင် အချိန်လေးမှာ စပျစ်သီးအချိုရည်ကို တစ်ငုံလောက်သောက်ပေးရမှာဖြစ်ပါတယ်...။ အဲ့လိုသောက်သုံးခြင်းဖြင့် ပရိသတ်ကြီးရဲ့ အဆီပိုတွေကို လျှော့ချပေးမှာဖြစ်ပါတယ်....။ နောက်ထပ် ရိုးရှင်းတဲ့ နည်းလမ်းလေးကတော့ အိပ်တဲ့အချိန်နဲ့ ထတဲ့အချိန်ကို နေ့စဉ် မှန်ကန်တိကျနိုင်ဖို့ တတ်နိုင်သလောက် ကြိုးစားပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့လိုမျိုး လုပ်ဆောင်ခြင်းဟာ ခန္ဓာကိုယ်သွယ်လျဖို့ အထောက်အကူပြုစေတာ ဖြစ်ပါတယ်။

photo credit pngtree

ညအိပ်တဲ့အချိန်မှာ အာရုံစိုက်ပြီး လုပ်ရမယ့်အလုပ်တွေကို လျှော့ရမှာဖြစ်ပါတယ်။ မျက်စိကို ထိခိုက်စေရုံသာမက ကိုယ်အလေးချိန်ကိုလည်း တက်စေလိုပဲ ဖြစ်ပါတယ်။ မအိပ်ခင်အချိန်လေးမှာ ကိုယ်ခံအားကောင်းစေမယ့် လေ့ကျင့်ခန်းလေးကိုလုပ်ပြီး အိပ်ခြင်းဖြင့်လည်း စာဖတ်ပရိသတ်ကြီးကို နှစ်ခြိုက်စွာ အိပ်စေရုံသာမက ဝိတ်ကျမယ့် အကျိုးကျေးဇူးကိုရရှိစေမှာပါ....။ ဆေးဖက်ဝင် လက်ဖက်ရည်မျိုးကို သောက်သုံးပြီး အိပ်ခြင်းဟာလည်း ကိုးရီးယားမလေးတစ်ယောက်လို နုပျိုသွယ်လျစေမှာ အမှန်ပင်ဖြစ်ပါတယ် ချစ်ပရိသတ်ကြီးရေ....။

photo credit pngtree

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။