အောင်မြင်ခဲ့တဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေ အားပေးချစ်ခင်ခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကနေ ရပ်နားထားပြီး မိသားစုကို အချိန်ပေးနေတဲ့ သူမကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

photo credit : Sandy Myint Lwin 's facebook account
photo credit : Sandy Myint Lwin 's facebook account
photo credit : Sandy Myint Lwin 's facebook account

အဆိုတော်စန္ဒီမြင့်လွင်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သူမရဲ့ သမီးလေးက ပရိသတ်တွေရဲ့ အချစ်တော်လေးဆိုရင်လည်း မမှားပါဘူး။ စန္ဒီမြင့်လွင်သမီးလေးရဲ့ ပါးဖောင်းဖောင်းလေးနဲ့ ပြုံးရယ်နေတဲ့ ပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။

photo credit : Sandy Myint Lwin 's facebook account
photo credit : Sandy Myint Lwin 's facebook account
photo credit : Sandy Myint Lwin 's facebook account

ယနေ့မှာတော့ စန္ဒီမြင့်လွင်သမီးလေးဟာ မေမေရဲ့ လက်ပေါ်မှာ ချစ်စရာအပြုံးလေးတွေနဲ့ ပျော်ရွှင်ရယ်မောနေခဲ့ပါတယ်။စန္ဒီမြင့်လွင်ကတော့ " ထရက်ရှာတစ်တစ်တုတ်နိုးပါပီရှင် မောနင်း " ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: Sandy Myint Lwin 's facebook account 

photo credit : Sandy Myint Lwin 's facebook account
photo credit : Sandy Myint Lwin 's facebook account
photo credit : Sandy Myint Lwin 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။