ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက် (ယူ-၁၉) အသင်းနှင့် ကချင်ယူနိုက်တက် (ယူ-၁၉) အသင်တို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက ကချင်အသင်းကို ၇-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ် ။ ရန်ကုန်အသင်းအတွက် ကောင်းဆက်၊ သန်းတိုးအောင်(၂)၊ အောင်မျိုးခန့်၊ သန့်ဇင်ဦး၊ သာယာဝင်းထက်၊ ရန်နိုင်လင်း နှင့် အောင်ညီသိန်း တို့က သွင်းယူခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

ကချင်အသင်းအတွက် မောင်မောင်စိုး က သွင်းယူပေးခဲ့ပါတယ်။ ရန်ကုန်ယူနိုက် (ယူ-၁၉)အသင်းတွင် စောထက် (ဂိုး)၊ ခန့်သီဟလွင်၊ မျိုမင်းအောင်၊ ရဲထက်အောင်၊ သန့်ဇင်ဦး၊ သန်းတိုးအောင် (၁)၊ ထက်လင်းစိုး၊ သန်းတိုးအောင် (၂)၊ အောင်မျိုးခန့်၊ စောထောနေမူး နှင့် သာယာဝင်းထက် တို့ ပါဝင်ကစားကြပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

ရန်ကုန်ယူနိုက်တက် (ယူ-၁၉)အသင်းဟာ ၃ပွဲကစား၊ ၃ပွဲနိုင်၊ ရမှတ် ၉မှတ်ဖြင့် အဆင့် ၁နေရာတွင် ဆက်လက် ရပ်တည်နေပါတယ်။ ရန်ကုန်ယူနိုက်တတ်အသင်းဟာ လာမည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရှမ်းယူနိုက်တက် (ယူ-၁၉) အသင်းနှင့် ရန်ကုန်ယူနိုက်တက် အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

source: Yangon United Football Club 's facebook page 

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။