မိမိကျရာဇာတ်ရုပ်ကိုပိုင်နိုင်ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်သည့် အပြင် Running Man အစီအစဉ်မှာလည်း ပရိသတ်အချစ်တော်ဖြစ်ရတဲ့ မင်းသမီးလေး ဆောင်းဂျီဟိုဟာ ဖောက်ပြန်တတ်တဲ့အချစ်အပေါ် သူမရဲ့ခံယူချက်ကို ဖွင့်ပြောခဲ့ပါတယ်။ မကြာခင်ရိုက်ကူးမယ့် ဇာတ်လမ်းမှာ သူမက ဖောက်ပြန်တတ်တဲ့ခင်ပွန်းရဲ့ ဇနီးနေရာကနေ ပါဝင်ရမှာဖြစ်လို့ ဒီအကြောင်းနဲ့ ဆက်စပ်ပြီးပြောခဲ့တာဖြစ်ပါတယ်။

" ကျွန်မသာဆိုရင် ကိုယ်နဲ့အချိန်အကြာကြီး အတူရှိခဲ့သူကို လက်လွှတ်နိုင်မယ်မထင်ဘူး။ ဘာကြောင့်လဲဲဆိုတော့ ဒါက အမှားတစ်ခုပဲလေ" လို့ ပြောပါတယ််။ တစ်ကြိမ်လောက် မှားဖူးတဲ့အမှားကို အချစ်တွေနဲ့ ဖာထေးကာ ခွင့်လွှတ်ပေးမယ့်သဘောပါပဲ။

ဒီလိုမျိုး ဖြေကြားပေမဲ့လည်း ဂျီဟိုကတော့ ရိုက်ကူးရေးမရှိတဲ့ရက်တွေဆိုရင် အိမ်မှာပဲ နေနေရတဲ့ တစ်ကိုယ်တော်သမားဘဝပဲ ရှိပါသေးတယ်တဲ့ ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။