မော်ဒယ်Mဆိုင်းလုကတော့ ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးတွေ၊ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်ကို အခိုင်အမာရရှိထားတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အလှပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်ထက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။

PHOTO CREDIT : M SENG LU 's facebook page
PHOTO CREDIT : M SENG LU 's facebook page

ယောကျာ်းလေးတွေရဲ့ အခိုင်အမာဝန်းရံမှုကိုရရှိနေသလို မိန်းကလေးတွေရဲ့ အားပေးမှုကိုလည်း ရရှိထားတဲ့ သူမကတော့ ဆွဲဆောင်မှုရှိတဲ့ အမိုက်စားကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့စွဲမက်ဖွယ်ကောင်းတဲ့အလှပုံရိပ်လေးတွေကလည်း ကြွေချင်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေ အချစ်တော်လေးဖြစ်လို့နေတာပါ။ ဒါ့အပြင် သူမရဲ့သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကလည်း ဘယ်လိုဖက်ရှင်မျိုးနဲ့မဆိုလှပနေတာ ဖြစ်ပါတယ်။

PHOTO CREDIT : M SENG LU 's facebook page
PHOTO CREDIT : M SENG LU 's facebook page

အခုဆိုရင်လည်း သူမက "အဖြူရောင်ဝါဂွမ်းတိမ်တိုက်လေးလဲ မဟုတ်ဘူး ပန်းပွင့် ဖြူလွလွ နုနုလေးလဲ မဟုတ်ဘူးမောင့်ရဲ့ မမလုပါ " ဆိုပြီးအသည်းယားစရာကောင်းလောက်တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ တင်ပေးထားပါတယ်။ ဒါကြောင့် အကြည့်တွေနဲ့တင် ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တဲ့ မော်ဒယ်၊သရုပ်ဆောင် Mဆိုင်းလုရဲ့ အဖြူရောင်ဖက်ရှင်လေးနဲ့ အလန်းစားအလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

source: M SENG LU 's Facebook Page

PHOTO CREDIT : M SENG LU 's facebook page
PHOTO CREDIT : M SENG LU 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။