"ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်" ပိုပြီး အကျိုးရှိတယ်ဆိုတဲ့ ဆိုရိုးစကားလေးကို ပရိသတ်တွေ အားလုံးပဲ သိရှိပြီးကြပြီ ဖြစ်မှာပါ။ ကြိုတင်ကာကွယ်တဲ့ နေရာမှာ နည်းမှန် လမ်းမှန် ရှိဖို့တော့ လိုအပ်ပါတယ်။ အခုလက်ရှိ ခေတ်စားနေတဲ့ "Wuhan coronavirus" က သာမာန် ရာသီတုပ်ကွေးထက် ဆိုးရွားတာကြောင့် ရန်ကုန်မှာ နေတဲ့သူတွေရော၊ မြန်မာပြည်တစ်ဝှမ်းက သူတွေရော စိတ်ပူနေကြပါတယ်။ နိုင်ငံတကာမှ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံက ကံကောင်းစွာနဲ့ဘဲ ထိုရောဂါပိုး တွေ့ရှိတဲ့ အထဲမှာ မပါဝင်သေးပါဘူး။

photo credit pngtree

သို့သော် "သတိဟူသည် ပိုသည်မရှိ"ဆိုတဲ့ စကားအတိုင်း မိမိဘက်က တတ်နိုင်သလောက် save ဖြစ်အောင် နေမှာသာ တော်ကာကျမှာ ဖြစ်ပါတယ်။ အစိုးရ သတင်းဌာနတွေကလည်း ပြည်သူတွေ အန္တရာယ် မဖြစ်ရအောင် ထိုရောဂါ ပိုးနဲ့ ပတ်သက်ပြီး သိသင့်သိအပ်တာတွေ၊ ကြိုတင်ကာကွယ်နည်းတွေကို အချိန်နဲ့ တပြေးညီ ထုတ်လွှင့်ပေးနေတာကြောင့် ပရိသတ်တွေ ဘက်ကလည်း မျက်ခြေမပျက် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်နော်။

photo credit pngtree

လေထဲမှာ ပျံ့နှံ့နေတဲ့ ပိုးတွေဟာ "Wuhan coronavirus" တွင် မကပါဘူး အခြားသော ကူးစပ်လွယ်တဲ့ ပိုးမွှားတွေလည်း သန်းနဲ့ ချီပြီးရှိပါတယ်။ အလွယ်တကူနဲ့ ရောဂါမဖြစ်ပွားနိုင်တာက ကျွန်ုပ်တို့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေက တိုက်ထုတ်ပေးနေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မိမိရဲ့ ခုခံအားစနစ် အားနည်းနေတဲ့ အချိန်မှာ အခုလို ကြောက်ဖို့ ကောင်းတဲ့ ရောဂါပိုးမွှားတွေက အလွယ်တကူနဲ့ ကူးစက်နိုင်ပါတယ်။ ဒါကြောင့်မလို့ ဘယ်လို ရောဂါပိုးမွှားပဲ ဖြစ်နေပါစေ မကူးစက်အောင် အတက်နိုင်ဆုံး ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အကယ်၍များ ရောဂါပိုးရှိနေတဲ့ သူစီကပဲ ကူးစက်လို့ဖြစ်စေ၊ မိမိစီကပဲ ကူးစက်ပျံ့နှံ့သွားလို့ပဲဖြစ်စေ နှစ်ဦးနှစ်ဘက်စလုံးအတွက် မကောင်းပါဘူး။ နောက်ဆုံး society ကြီးတစ်ခုလုံးအတွက်ပါ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့်မလို့ အခုလို ကာလမျိုးမှာ အရင်ကထက်ပိုပြီး မိမိရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုကို ပိုပြီး ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ လုံလောက်တဲ့ နေရောင်ခြည်ဓာတ်ရယူတာမျိုး၊ ဗီတာမင်စီ ဓာတ်ကြွယ်ဝတဲ့ အစားစာတွေကို ရွေးချယ်စားသောက်တာမျိုး၊ ဂရုစိုက်ပြီး လက်ကိုစနစ်တကျနဲ့ ဆေးတာမျိုး၊ ဆေးဘက်ဆိုင်ရာသုံး mask ကို စနစ်တကျ တပ်ဆင်တာမျိုးတွေ လုပ်ပေးခြင်းအားဖြင့် သင့်ကို လေလှိုင်းထဲက ဗိုင်းရပ်စ်ပိုးတွေကနေ နည်းမှန်လမ်းမှန်နဲ့ ကြိုတင် ကာကွယ်ပြီးသား ဖြစ်မှာပါ။ 

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့် တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများ အကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။