ဒီတစ်ခါမှာတော့ ကျွန်တော်က ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျွန်တော်ခန္ဓာကိုယ်မှု ကြုံတွေ့နေရတဲ့ ပြသနာလေးတွေကို ဘယ်လို အလွယ်တကူဖြေရှင်းလို့ ရနိုင်မလည်းဆိုတာကို ပြောပြပေးမယ်နော်............

ပိုးပဝါ လျှော်ဖွတ်နည်း

ပိုးလက်ကိုင်ပဝါတွေကို လျှော်ဖွတ်လိုပါက ရေနွေးထဲတွင် လက်ကြားထဲထည့်ပြီးဖွတ်ပါ ။ မခြောက်ခင် မီးပူတိုက်ပါ ။

အဝတ်အထည်များ ဖားဥဆွဲလျှင်

စင်ကြယ်သော အဝတ်ကြမ်းနှင့်တိုက်ပါ ။ ဆားဖြူးပြီး သံပုရာသီးနှင့် ဖွတ်ပါ ။

ပိုးဟပ်မနေအောင်ပြုလုပ်နည်း

ပိုးဟပ်လာတတ်ရာ လမ်းတွင် လေညှင်းပွင့် ၊ လေညှင်းစေ့ကိုထားပါ ။

မီးပူလောင်လျှင်

ကြက်ဥ ၊ ဘဲဥ အစိမ်းရဲ့ အကာကို ယူပြီးသုတ်ပါ ။

ဗောက်ထလျှင်

သရော်ကင်ပွန်းရည် တွင် ဒနသုခရွက် လက် တစ်စုပ်ခန့်ခူး ခြေပြီး ခေါင်းလျှော်ရည်ထဲထည့်လျှော်ပါ ။

ဆံပင်ကျွတ်လျှင်

ပိတောက်ရွက်ကို ထုထောင်းပြီး ခေါင်းလျှော်ရည်နှင့်ခေါင်းလျှော်ပေးပါ ။

ခြေဖဝါးကွဲနာ

မန်ကျည်းသီး အနှစ် 5 ဆ ၊ အုန်းဆီ 1 ဆ သမအောင် နာနာရောမွှေပြီး လိမ်းပေးပါ ။

Photo Source: Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။