မနက်တိုင်း မိန်းကလေးဝန်ထမ်းတွေကို တန်းစီနမ်းခိုင်းတဲ့ သူဌေး

ဘေဂျင်းမှာရှိတဲ့ ကုမ္ဗဏီတစ်ခုက သူဌေးက အလုပ်သမားနဲ့ အလုပ်ရှင်ကြား ဆက်ဆံရေးတိုးတက်စေဖို့ မနက်တိုင်း နမ်းခိုင်းပါတယ်။

ကိုးနာရီနဲ့ကိုးနာရီခွဲကြားမှာ မိန်းကလေးဝန်းထမ်းတွေအနေနဲ့ သူဌေးကိုတန်းစီစောင့်ပြီး နမ်းရပါတယ်။ ကုမ္ဗဏီက အိမ်တွင်းစားသောက်ကုန်အတွက် ပစ္စည်းတွေရောင်းချတဲ့ ကုမ္ဗဏီ ဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေက တရုတ်က social media မှာ သောကြာနေ့ကမှပျံ့နှံခဲ့တာဖြစ်ပြီး လူတော်တော်များများက ဘာလို့ဒီလိုလုပ်ငန်းခွင်မှာ ဆက်လုပ်နေလဲ အံ့သြသင့်ခဲ့ပါတယ်။

ဒီအပြုအမူကို ဘယ်လိုလက်ခံလဲ။ သူတို့ရဲ့ရည်းစားတွေ၊ ယောကျာ်းတွေသိရဲ့လား။

ပိုက်ဆံမရှိဘူးလား။ တစ်ခြားအလုပ်ပြောင်းရင်ငတ်သွားမှာမို့လား။ သူဌေးက အရူးဘဲ စသဖြင့် မှတ်ချက်ပေးခဲ့ကြပါတယ်။

ဒါပင်မဲ့ သတင်းအရ မိန်းကလေးတွေက အစပိုင်းမှာဘဲ နမ်းဖို့နောက်တွံ့ကြပြီး နောက်တော့ အဆင်ပြေသွားပါတယ်တဲ့။ ဝန်ထမ်း၂ယောက်ဘဲ မနမ်းချင်လို့ အလုပ်ထွက်သွားပါတယ်တဲ့။ သူဌေးကတော့ ဒါကအလုပ်ရှင်နဲ့ အလုပ်သမားကြားပိုရင်းနှီးစေပြီး တစ်ချို့အလုပ်ထွက်သွားတဲ့ မိန်းကလေးတွေဆို သူ့ကိုသတိရလို့ message တွေတောင် ပို့ပါတယ်တဲ့။ ဒီစိတ်ကူးကို အမေရိကားက ကုမ္ဗဏီတစ်ခုကရခဲ့တာလို့လည်း ဆိုပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။