အခုတလော ဒူးရင်းသီးပုံတွေ ခဏခဏတွေ့နေရလို့ ကျွန်တော်လည်း ဒူးရင်းသီးစားမိတယ်ဗျ။ ကျွန်တော် ဒူးရင်းသီးတွေဝယ်လာတာတွေ့တော့ အဘွားက ဟဲ့ကောင်လေး စားမယ်ဆို ဘယ်လိုတွေ ရှောင်ရတယ် ဘာတယ်ဆိုမှ ကျွန်တော်လည်း လျှောက်ရှာကြည့်တာ မှန်သဗျာ။ ဒါ့ကြောင့် သူငယ်ချင်းတို့လည်း ဗဟုသုတရအောင် အစားမတော် တလုတ်မဖြစ်ရလေအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒူရင်းသီးနှင့်အရက်တွဲဖက်မစားသုုံးသင့်ပါဘူး။ ဘာလိုု့လည်းဆိုုတော့ နှစ်ခုုစလုုံး အပူစာတွေဖြစ်တာကြောင့် သာမန်လူများသာမက သွေးတိုုးနှင့် ဆီးချိုရှိသူများဆိုုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုုံးသွေးကြောပေါက်ခြင်း၊ သွေးကြောများရုုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုုင်ခြင်းတုုိ့ကြောင့် တွဲဖက်စားသုုံးခြင်း မပြုဖိုု့တိုုက်တွန်း လိုုပါတယ်။

.

၂။ အပူများတဲ့ခန္ဓာကိုုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင်ရောဂါရှိသူများအနေဖြင့် ဒူရင်းသီးစားသုုံးပါက ရောဂါ အခြေအနေ ပိုုမိုုဆိုုးရွားတတ်တာကြောင့် မစားသုုံးသင့်ပါဘူး။

.

၃။ ဒူရင်းသီးစားသုုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိူကိုု ဝမ်းအေးစေရေန်သောက်သုုံးပေးသင့်ပါတယ်။

.

၄။ ဒူရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမိုု့ အဝလွန်ရောဂါရှိသူများ နှင့် ကိုုယ်အလေးချိန်များသူများ စားသုုံးရန်မသင့်ပါဘူး။

.

၅။ ပိုုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။

.

၆။ ဒူရင်းသီးကိုုတစ်ကြိမ်စားတိုုင်း အများအပြားမစားသုုံးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာ အရက်န့ံထွက်နေပြီဆိုုရင်လည်း စားသုုံးဖိုု့မသင့်တော့ပါဘူး။

.

၇။ ဒူရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မဝယ်ယူသင့်ပါဘူး။

.

၈။ ဒူရင်းသီး စားသုုံးပြီးချိန်မှာ ရေအမြောက်အများသောက်သုုံးပေးသင့်ပါတယ္။

ဒူရင်းသီးအတွင်း အာဟာရဓာတ်အလွန်ကြွယ်ဝစွာပါဝင်တာကြောင့် အမြောက်အများ စားသုုံးခြင်းဟာ ခန္ဓာကိုုယ်ကိုုဒုုက္ခဖြစ်စေရုုံသာမက ဝမ်းချုပ်နိုုင်တာကြောင့် ထိန်းသိမ်း စားသုုံးသင့်ပါတယ်။ ဒူရင်းသီးအမြောက်အများစားသုုံးမိပါက မင်းကွတ်သီးစားသုုံးပေး ခြင်းဖြင့် အပူဓာတ်ကိုုလျော့ချပေးနိုုင်ပါတယ်။

.

သူငယ်ချင်းတို့လည်း ဒူးရင်းသီးရာသီလည်းဖြစ် ဒူးရင်းသီးလည်းကြိုက်ဆိုပေမယ့် အစားမတော်တလုတ်မဖြစ်ရလေအောင် ဂရုစိုက်ကြပါနော်.....

Photo Source: Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။