၂၀၂၀ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (က) အတွက် ပြိုင်ပွဲဝင်နည်းပြများ၏ ပွဲကြိုပြောစကားများကို ဖော်ပြပေးလိုက်ပါတယ်။ဦးခင်မောင်ထွေး (မြန်မာ အမျိုးသမီးအသင်း လက်ထောက်နည်းပြ)ကတော့ဒီအဆင့်ထိတက်လာနိုင်ခဲ့တဲ့အတွက် ဝမ်းသာတယ်။ နောက်တစ်ဆင့်တက်နိုင်ရေး အကောင်းဆုံးကြိုးစားမယ်။ ဒီပြိုင်ပွဲအတွက် ဆီးဂိမ်းစ်အပြီးမှာ ၂လလောက်ပြင်ဆင်ချိန်ရခဲ့ပါတယ်။ မြန်မာအသင်းက ဒီထဲမှာ အင်အားအနည်းဆုံးဖြစ်ပေမယ့် ကျွန်တော်တို့ လုပ်နိုင်သလောက် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဗီယက်နမ်၊ တောင်ကိုရီးယားအသင်းတွေရဲ့ အနီးစပ်ဆုံးပြိုင်ပွဲက ကစားခဲ့တာ‌တွေကို လေ့လာထားပါတယ်။

photo credit :MFF' s facebook page
photo credit :MFF' s facebook page

Mai Dau Chung (ဗီယက်နမ် အမျိုးသမီးအသင်း နည်းပြချုပ်)ကတော့ ဒီအဆင့်မှာရောက်နေတဲ့အသင်းအားလုံးက တောင့်တင်းတဲ့အသင်းတွေပါ။ တောင်ကိုရီးယားက အာရှ အင်အားကြီးအသင်းဖြစ်သလို မြန်မာအသင်းကလည်း ပြီးခဲ့တဲ့ SEA Games မှာ ပုံစံကောင်းတခုရှိနေတဲ့အသင်းပါ။ ပြိုင်ဘက်အားလုံးကို လေးလေးစားစားနဲ့ယှဉ်ပြိုင်သွားမှာပါ။

photo credit :MFF' s facebook page
photo credit :MFF' s facebook page

Colin Bell (တောင်ကိုရီးယား အမျိုးသမီးအသင်း နည်းပြချုပ်)ကတော့ ပြိုင်ပွဲအတွက်အဆင်သင့်ဖြစ်နေပါပြီ။ အသင်းမှာ ကစားသမားကောင်းတွေရှိတာဖြစ်လို့ ကောင်းမွန်တဲ့ ကစားပုံမျိုးကို ပြနိုင်မယ်လို့မျှော်လင့်ပါတယ်။ အသင်းခေါင်းဆောင် Cho So Hyun အနေနဲ့ ဒဏ်ရာပြဿနာရှိနေပါတယ်။ပြီးခဲ့တဲ့ လတွေကတည်းက မြန်မာ၊ ဗီယက်နမ် ကစားသမားတွေရဲ့ ကစားပုံတွေကို အသေးစိတ်လေ့လာထားပါတယ်။ လုံလောက်တဲ့ ပြင်ဆင်မှုမျိုး လုပ်ထားပါတယ်။လေ့လာထားပါတယ်။ လုံလောက်တဲ့ ပြင်ဆင်မှုမျိုး လုပ်ထားပါတယ်။

source:MFF 's facebook 

photo credit :MFF' s facebook page
photo credit :MFF' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။