ဇန်နဝါရီ ၃၁ ရက်က ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည့် ရခိုင်ယူနိုက်တက် အသင်း တိုက်စစ်ကစားသမား ဇော်သိန်းဝင်း အတွက် ယနေ့ ညနေပိုင်းက စစ်တွေမြို့ ဝေသာလီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရခိုင်ယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့၏ ပွဲစဉ် ပွဲမစမီတွင် ဝမ်းနည်းခြင်း အဖြစ် တစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ထို့ပြင် ရခိုင်ယူနိုက်တက် အသင်း ကစားသမားများနှင့် ပရိသတ် အချို့က ဇော်သိန်းဝင်း ရုပ်ပုံပါ တီရှပ်များကို ဝတ်ဆင်ကာ လွမ်းဆွတ်​ကြောင်း ပြသခဲ့ပါတယ်။ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့သော ရခိုင်ယူနိုက်တက်အသင်း ကစားသမား ဇော်သိန်းဝင်းရဲ့သတင်းဟာ မြန်မာတစ်နိုင်ငံလုံးက ဘောလုံးဝါသနာရှင်ပရိသတ်များကို ဝမ်းနည်းကြေကွဲစေခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ရခိုင်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့၏ ပွဲမှာတော့ ရခိုင်ယူနိုက်တတ်အသင်းကကောင်းမြတ်ကျော်ရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ ရတနာပုံအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ယနေ့ညနေ ၃နာရီခွဲတွင် စစ်တွေမြို့ ဝေသာလီကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်ကို ဘောလုံးချစ်ပရိသတ်များ တခဲနက် ကွင်းလုံးပြည့် လာရောက်အားပေး ကြပါတယ်။

source - Myanmar National League Facebook page

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။