မင်းသမီးချောလေးချစ်သုဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ရိုးရှင်းတဲ့ နေထိုင်ပုံလေးတွေ ချစ်စရာစကားပြောဟန်လေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းမှာ နေရာယူထားနိုင်တဲ့ သူမကတော့ ယခုမှာ စင်ကာပူကို ရောက်ရှိနေပါတယ်။

photo credit : Chit Thu Wai' s facebook page
photo credit : Chit Thu Wai' s facebook page

အေးချမ်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ မင်းသမီးလေးချစ်သုဝေကတော့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်သုဝေရဲ့ သမီးလေးတွေဖြစ်ကြတဲ့ ခေတ်နဲ့ သစ်လေးတို့ဟာ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေးဆိုရင်လည်း မမှားပါဘူး။

photo credit : Chit Thu Wai' s facebook page
photo credit : Chit Thu Wai' s facebook page

သူမကတော့ ယခုမှာ စင်ကာပူကို ရောက်ရှိနေတာပဲ ဖြစ်ပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ သူမကတော့ " Blessed sundayကောင်းချီးတွေကိုရေတွက်တတ်ဖို့ဆုတောင်းရင်း အနာရောဂါဝေဒနာခံစားနေရသူများနဲ့ ထိုသူတို့၏မိသားစုများ စိတ်၏ငြိမ်သက်ခြင်းရရှိစေဖို့ အထူးဆုတောင်းခဲ့ပါတယ် " ဆိုပြီး ချစ်စရာပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။

source: Chit Thu Wai' s facebook page 

photo credit : Chit Thu Wai' s facebook page
photo credit : Chit Thu Wai' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။