Share ပေးခြင်းဖြင့် သတင်းမှန် သိကြပါစေ

(၂၁.၅.၂၀၁၇) ညပိုင်းမှအစပြုကာ The Myanmar News Hope ဖေ့ဘုတ်စာမျက်နှာ၊ NLD Voice ဖေ့ဘွတ်စာမျက်နှာတွေ ကနေ NLD နာယက သူရဦးတင်ဦး ကွယ်လွန်ပြီဟူသော သတင်းကို အွန်လိုင်းနာမည်ကြီး အကောင့်အမည်များယူကာ ဓါတ်ပုံများပြုပြင်ပြီး သတင်းအမှားများ ဖြန့်ဝေလျှက် ရှိတာကြောင့် သတင်းအတုများ သတိပြုကြပါရန် MyanmarLoad.com ကနေ တိုက်တွန်းသတိပေးလိုက်ပါသည်။ 

အထက်ဖော်ပြပါ သတင်းများသည် အမှားများသာဖြစ်ကြောင်း ယမန်နေ့(၂၁.၅.၂၀၁၇) ည၈နာရီခန့်ကပင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးအထူးကြပ်မတ်ကုသဆောင်တွင်ဆေးကုသမှု

ခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရ ဦးတင်ဦး၏ကျန်းမာရေး

အခြေအနေအားလူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ

ဝင်းမြတ်အေး နှင့် ဇနီး,၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိ ုးမင်းသိန်း၊ လျှပ်စစ်စက်မှုလက်မှု

နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်၊ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး

နော်ပန်းသဥ္ဇာမျိုး တို့လာရောက်သတင်းမေးကာ ဧည့်သည် တော်မှတ်တမ်းတွင်လက်မှတ်ရေးထိုး

ခဲ့ကြောင်းသိရှိရသည်။

Source: လူမှုကွန်ရက်စာမျက်နှာများ,ကျော်စွာမြင့်ဖေ့ဘွတ်

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။